ကျောက်မဲမြို့သို့ စစ်ဘေးရှောင် ပြည် သူ ၂၀၀ကျော်ရောက်ရှိ


ကျောက်မဲ၊ ဖေဖော်ဝါရီ ၁၀။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၃ နာရီ အချိန် ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့စစ်ဘေးရှောင်ပြည်သူ ၂၀၀ကျော် ရောက်ရှိလာကြောင်း ကျောက်မဲမြို့ခံတစ်ဦးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းတွင် ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ ဆက်သွယ်ပြောကြားသည်။

"ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာက ပြည်သူတွေ ပါ။ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) နဲ့ RCSS/ SSA တို့ ဖြစ်ပွားတဲ့ စစ်ဘေးဒဏ်ကိုရှောင်ဖို့ ကျောက်မဲမြို့ ကို ရောက်လာတာပါ။ သူတို့ ကို ကျောက် မဲမြို့ သီဟို ဘုန်းတော်ကြီးကျောင်းမှာထားပါတယ်။ ကျောက်မဲမြို့က တာဝန်ရှိသူတွေ နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက သူတို့ကို ကူညီပေးနေပါတယ်။ ကလေးတွေ၊ စာမေးပွဲဖြေမယ့်ကျောင်းသားတွေလည်းပါပါတယ်။ သက်ကြီးရွယ်အိုတွေလည်းပါပါတယ်။ တိုက်ပွဲတွေက ဖေဖော်ဝါရီလ (၇) ရက် နေ့ ကစဖြစ်တယ်၊ ထိခိုက်မှုမရှိအောင်ရွာသားတွေကို တော့ဆန်ရွာ တရုတ်ဘုံကျောင်းထဲကနေ အပြင် မထွက်ဖို့ TNLA ကမှာထားတယ်၊ ရွာသားတွေကို စိတ်မချလို့ဒီနေ့မှာ ကျောက်မဲမြို့က ဘုန်းတော်ကြီးတွေက တော့ဆန်ရွာဘုံကျောင်းကနေ ကျောက်မဲမြို့ကိုလာခေါ်တာဖြစ်တယ်၊ ဒါကြောင့် ကျောက်မဲမြို့ ကို ရောက်လာတာဖြစ်တယ်လို့ စစ်ရှောင်ပြည်သူ ( အမျိုးသား) တစ်ဦးက ကျွန်တော့်ကိုပြောပါတယ် ဗျ ” ဟု၎င်းကပြောသည်။

စစ်ရှောင် ပြည်သူများကိစ္စနှင့်ပတ်သက်၍ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ”စစ်ရှောင်ပြည်သူတွေရောက်လာတယ.်ဆိုတာမှန်ပါတယ်။ ဒီကိစ္စအတွက်ကျွန်တော်တို့ဆောင်ရွက်နေပါတယ် ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၉ ရက် ရက်စွဲဖြင့်ထုတ်ပြန်သော TNLA ၏ Facebook စာမျက်နှာတွင် တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ညောင်ပန်လှ၊ တော့ဆန်၊ ညောင်မောင်း ဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် ((TNLA) နှင့် RCSS/SSA တပ်ဖွဲ့တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နံနက်တွင် တအာင်းတပ်မတော်မှ ညောင်ပန်လှကျေးရွာသို့ရောက်ရှိပြီး RCSS မှ လက်နက်ကြီးများဖြင့် အဆိုပါကျေးရွာသို့ အဆက်မပျက် ပစ်ခတ်ခဲ့ရာ လူနေအိမ်တစ်လုံး ထိမှန် မီးလောင်ခဲ့ကြောင်း၊ဖော်ပြထားသည်။

တိုက်ပွဲကိစ္စနှင့်ပတ်သက်၍ RCSS/ SSA အဖွဲ့ထံဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်းခေါ်ဆို၍ မရခဲ့ပေ..။

KBZT NEWS
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
ကျောက်မဲမြို့သို့ စစ်ဘေးရှောင် ပြည် သူ ၂၀၀ကျော်ရောက်ရှိ  ကျောက်မဲမြို့သို့ စစ်ဘေးရှောင် ပြည် သူ ၂၀၀ကျော်ရောက်ရှိ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.