မွေးကင်းစကလေးအလောင်းစွန့်ပစ်သူအား ဖမ်းမိရေးဆောင်ရွက်


Saturday, 27 February 2016

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကမ်းနားလမ်း၂၉လမ်းနှင့် လမ်း၃ဝကြား ဧရာဝတီမြစ်ကမ်းစပ်တွင် မွေးကင်းစကလေးငယ် အလောင်း တစ်လောင်း မြစ်ကမ်းဘေးတွင်မျောလာကြောင်း သတင်း အရ အမှတ်(၆)နယ်မြေရဲစခန်းမှ ရဲအုပ်ခင်သန်းနှင့်အဖွဲ့က သွား ရောက်စစ်ဆေးရာ ဘောဂကြီးဆိပ်ကမ်းတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးဖွားပြီးစမိန်းကလေးငယ်အား တွေ့ရသဖြင့် မန္တလေးဆေးရုံကြီး သို့ပို့အပ်ခဲ့သည်။

 ထို့နောက် အမှတ်(၆)နယ်မြေရဲစခန်းက (ပ)၄၆/ ၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၁၈အရ အမှုဖွင့်ပြီး ကလေးအလောင်းစွန့်ပစ်သူ အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net
မွေးကင်းစကလေးအလောင်းစွန့်ပစ်သူအား ဖမ်းမိရေးဆောင်ရွက်  မွေးကင်းစကလေးအလောင်းစွန့်ပစ်သူအား ဖမ်းမိရေးဆောင်ရွက် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.