နမ့်ဆန်မြို့တွင် မီး ညွန့် ကျိုး ၊ တစ်မြို့လုံးနီးပါး မီးလောင်ကျွမ်းခဲ့


လားရှိုး၊ ဖေဖော်ဝါရီ .. ၄ ။

ယနေ့နေ့လယ် ၁ နာရီ ကျော်ခန့် က စတင်ဖြစ်ပွားခဲ့သော နမ့်ဆန် မြို့ မီးလောင်မှုမှာ ယနေ့ည ၁၀း၀၀ ခန့် တွင် မီးညွန့်ကျိုးသွားခဲ့ပြီး၊ ရဲစခန်းအပါအ၀င် နမ့်ဆန်တစ်မြို့ လုံးနီးပါး မီးလောင် ကျွမ်းခဲ့ကြောင်းသိရသည်ဟု လားရှိုးမြို့ ရှိ ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိကပြောကြောင်း၊ လားရှိုး မြို့ရှိ ကမ္ဘောဇတိုင်းသတင်းထောက်က ယနေ့ည ၁၀း ၃၅ တွင် သတင်းပေးပို့သည်။

" တစ်မြို့ လုံးနီးပါးလောင်သွားခဲ့တာလို့သိရပါတယ်။ မီးကို ထိန်းလိုက်နိုင်တာမဟုတ်ပါဘူး၊ လောင်စရာ မရှိလို့ မီးညွန့်ကျိုးသွားတဲ့ သဘောလို့ စုံစမ်းသိရှိရပါတယ်။ အခုမှ မီးညွန်က ကျိုးတာဆိုတော့ ပျက်စီးဆုံးရှုံး တာ ၊ထိခိုက် သေဆုံးတာတွေကိုတော့မသိရသေးပါဘူး ” ဟု၎င်းကပြောသည်။

နေ့သစ်မောင်
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
နမ့်ဆန်မြို့တွင် မီး ညွန့် ကျိုး ၊ တစ်မြို့လုံးနီးပါး မီးလောင်ကျွမ်းခဲ့  နမ့်ဆန်မြို့တွင် မီး ညွန့် ကျိုး ၊ တစ်မြို့လုံးနီးပါး မီးလောင်ကျွမ်းခဲ့ Reviewed by THITHTOOLWIN on 06:32 Rating: 5
Powered by Blogger.