မြောက်ကိုရီးယား လွှတ်တင်ခဲ့သော ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းကြောင်း အတွင်း လည်ပတ်မှုမရှိဖြစ်နေဟု အမေရိကန် ပြောကြား


ဝါရှင်တန် ၊ ၁၀-၂-၂၀၁၆

ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက မြောက်ကိုရီးယား နိုင်ငံက လွှတ်တင်ခဲ့သော ဂြိုဟ်တုသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တင်ခဲ့သော ဂြိုဟ်တုကဲ့သို့ပင် ကမ္ဘာပတ် လမ်းကြောင်း အတွင်း၌ လည်ပတ်မှုမရှိ ဖြစ်နေကြောင်း အမေရိကန် အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယား က လွှတ်တင်လိုက်သည့် Unha 3 ဒုံးပျံယာဉ်သည် ကမ္ဘာပတ် လမ်းကြောင်းအတွင်း စတင်ဝင်ရောက် လာကတည်းက ပတ်လမ်းအတွင်း၌ လူးလိမ့်လျက် ရှိကြောင်း၊ ၄င်းနှင့်အတူ သယ်ဆောင် လာခဲ့သော ဂြိုဟ်တု သည် ကောင်းမွန်စွာ အလုပ်မလုပ် သော်လည်း ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ၄င်းတို့၏ လွှတ်တင်မှုမှာ အောင်မြင် သည်ဟု မြောက်ကိုရီး ယား အစိုးရက ယူဆလျက် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား အစိုးရသည် ဂြိုဟ်တု လွှတ်တင်မှု နည်းပညာကို အသုံးပြု၍ နိုင်ငံ အတွင်းသို့ နျူကလီးယား ပဲ့ထိန်းဒုံးကျည် ဖြင့် ပစ်ခတ် လာနိုင်ကြောင်း အမေရိကန် အစိုးရက ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
မြောက်ကိုရီးယား လွှတ်တင်ခဲ့သော ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းကြောင်း အတွင်း လည်ပတ်မှုမရှိဖြစ်နေဟု အမေရိကန် ပြောကြား  မြောက်ကိုရီးယား လွှတ်တင်ခဲ့သော ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းကြောင်း အတွင်း လည်ပတ်မှုမရှိဖြစ်နေဟု အမေရိကန် ပြောကြား Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.