တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး ဓားထိုးခံရ


၂၀၁၆ ဖေဖော်ဝါရီ ၁၉ ညနေ ၅ နာရီ ဝန်းကျင်ခန့်က ဒဂုံမြို့နယ်ရှိ တော်ဝင် ဈေးဝယ်စင်တာ ပထမထပ်တွင် အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး ဓားထိုးခံရကြောင်း သတင်းရရှိသည်။

အဆိုပါ အမျိုးသမီးငယ်မှာ အသက် ၂၀ အရွယ်ရှိ မခင်ပြည့်ပြည့်ဖြိုး ဆိုသူဖြစ်ပြီး ဓားဖြင့် ထိုးသွားသူမှာ ၄င်းနှင့် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးခင်မင်ခဲ့သူ အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဓားဒဏ်ရာရသူ အမျိုးသမီးငယ်မှာ မစိုးရိမ်ရတော့ကြောင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူကို ဖမ်းဆီးရမိရေး ကြိုးစားနေကြောင်း ၁၉ ရက် ညပိုင်း သတင်းများအရ သိရသည်။

ယခုအခါ အွန်လိုင်းမှတစ်ဆင့် သိကျွမ်းကာ ဖြစ်ပွားသည့် ပြစ်မှုများ ခပ်စိပ်စိပ် ဖြစ်လာသောကြောင့် လူငယ်များ အနေဖြင့် သတိထားသင့်ကြောင်း အငြိမ်းစား ကျောင်းဆရာတစ်ဦးက ဆိုသည်။

Photo - Emely May FB
The Ladies News
https://www.facebook.com/News.TheLadies
တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး ဓားထိုးခံရ တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး ဓားထိုးခံရ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.