အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၌ မီးလောင်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၁၄.၂.၂၀၁၆ ရက်နေ့ ၂၀၃၅ အချိန်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ ထန်းပင်ကုန်း သဇင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့ရာ ၂၁၀၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ဆက်လက်ငြှိမ်းသတ် လျက်ရှိကြောင်း သိရှိရပါသည်။


မီးလောင်မှုကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရာနေရာသို့ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်ရသည့် အကြောင်းအရင်းအားစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police
https://www.facebook.com/yangonpolice
အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၌ မီးလောင်မှုဖြစ်  အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၌ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.