ဒေါ်အောင်ဆန်းစုကြည် တိုင်း/ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌများနှင့် တွေ့ဆုံ



Share/Bookmark

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဖောဖော်ဝါရီ ၂၂ ရက်တွင်
နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း၌ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ဥက္ကဌ ၊ ဒု-ဥက္ကဌများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


ထိုသို့ တွေ့ဆုံရာ၌ လွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌများ၏ လုပ်ပိုင်ခွင့်နှင့် ဥပဒေကြောင်းရာများ မမှားကြရန်၊ မိမိတို့ တာဝန်များကို ထမ်းဆာင်ရာတွင် မမှားယွင်းစေရန်၊ နိုင်ငံတော်နှင့် သက်ဆိုင်သော ဥပဒေများ ပြဌာန်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ကြရန်နှင့် ရှေ့ဆက် နိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ ယင်းအပြင် လွှတ်တော် ဥက္ကဌများက ၎င်းတို့ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများကိုလည်း တင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဇော့်မြင့်မောင်၊ ဦးဝင်းထိန်နှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း မှလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများတက်ရောက်ခဲ့ကြသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ