နေ့ခင်းကြောင်တောင်မြို့လယ်ခေါင် ပိုက်ဆံအိတ်လုယက်သူကို ရဲနှင့်ပြည်သူ ၀ိုင်းဝန်းဖမ်းဆီး


 နေ့ခင်းကြောင်တောင်မြို့လယ်ခေါင်တွင် ပိုက်ဆံအိတ်လုယက်သူ တရားခံအား ရဲနှင့်ပြည်သူဝိုင်းဝန်းဖမ်းဆီးရာ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ၁၉)မွန်းလွဲ ၁နာရီ ၂၀ခန့်တွင် မန္တလေးမြို့အောင်မြေသာစံမြို့နယ်ပုလဲငွေရောင်ရပ်ကွက်နေ ဒေါ်ခင်မြမင်း(၄၆) နှစ်သည် လမ်း၈၀ အတိုင်းတောင်မှ မြောက် ဆိုင်ကယ်မောင်းနှင်စဉ် လမ်း၈၀နှင့်၂၁လမ်းအရောက်တွင်ဆိုင်ကယ်နောက်ကြည့်မှန်တွင်ချိတ်ထားသောပိုက်ဆံအားဆိုင်ကယ်ဖြင့်လုယူမောင်းပြေးသွားရာ၎င်းမှာဆိုင်ကယ်လဲကျခဲ့ပြီးပတ်ဝန်းကျင်သို့အကူအညီတောင်းခံရာပိုက်ဆံအိတ်လုယူသူတရားခံအားလမ်း၈၀နှင့်၁၄လမ်းထောင့်(ကျုံးဘေးလမ်း)တွင်နယ်မြေစိုးမိုးရေးရပ်ကင်းတာဝန်ထမ်းဆောင်အမှတ်(၄)နယ်မြေရဲစခန်းမှရဲတပ်ကြပ်ဇော်ဇော်နိုင်နှင့်အဖွဲ့နှင့်ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

အဆိုပါ ဆိုင်ကယ်ဖြင့်လှယက်မှုကျူးလွန်သူ အောင်မင်းဦး(၂၀)နှစ်(ဘ) ဦးမင်းမင်း ဈ/၄ ချမ်းမြသာစည်မြို့နယ် နေသူအား အမှတ်(၅) ရဲစခန်းတွင် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေ့ခင်းကြောင်တောင်မြို့လယ်ခေါင် ပိုက်ဆံအိတ်လုယက်သူကို ရဲနှင့်ပြည်သူ ၀ိုင်းဝန်းဖမ်းဆီး  နေ့ခင်းကြောင်တောင်မြို့လယ်ခေါင် ပိုက်ဆံအိတ်လုယက်သူကို ရဲနှင့်ပြည်သူ ၀ိုင်းဝန်းဖမ်းဆီး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.