ပုလောမြို့ နယ် ကျောက္ကာကျေးရွာ မီးလောင်နေ
၁၃.၂.၁၆
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာ ကျေးရွာတွင် ဒီနေ့ နံနက် ၉ နာရီလောက်က စတင်လောင်နေသော မီးမှာ ခုချိန်ထိ မငြိမ်းသတ်နိုင်သေးပါ။
ရွာသားများမှာ လူအန္တရာယ် ကင်းအောင်လှေနဲ့ ပင်လယ်ဖက် ထွက်ပြေး နေရပါတယ်။
ဒီပုံစံအတိုင်းဆိုတော့ တရွာလုံးပြာကျနိုင်ပါတယ်။
ကျောက္ကာ အမှတ်(၂)ရပ်ကွက်၊ မီးလောင်ပြင်တွင် မီးလောင်နေပါတယ်။
ခုဆိုရင် မီးကသတ်မရသေးဘူး။ တောင်ကပ်အိမ်တွေဖက်ကို ကူးသွားပြီ။ အုပ်ချုပ်ရေးမှူး ဒေါ်ဝါ၀ါလွင်အိမ်ပါသွားပြီ။ မီးဘောင်ပြင် တံတားအဖျားဖက်ကတော့ အားလုံးကုန်သွားနိုင်ပြီ။ အရှေ့ပိုင်းဖက် သီသီချိုတို့အိမ် ပါသွားပြီ။
အမှတ် ၃ ဘက် မတုတ်အိမ် လောင်နေပြီ။ မီးလောင်ပြင်က အားလုံးကုန်ခါနီးပြီ။ အရှေ့ပိုင်း ပြည်တော်သာနားရောက်နေပြီ။
လူတွေ ဘေးလွှတ်ရာသို့ စက်လှေများဖြင့် ကူးပို့နေ။
 ၁၃/၂/၂၀၁၆
Nyi Nyi Soe
Powered by Blogger.