မီးလောင်မှုကြောင့်လပွတ္တာတစ်မြို့ လုံးကို အမှောင်ချ ထား ၊ ဂဏန်းဒိုင်များဖက်သို့ မီးကူးစက်လောင်ကျွမ်းနေ၊လတ်တလော မီးငြိမ်းနိုင်မည့် အနေအထားမရှိသေးဟုဆို


လပွတ္တာ ၊ ဖေဖော်ဝါရီ ၎

မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေသောကြောင့် ၊ လပွတ္တာတစ်မြို့ လုံးကို အမှောင်ချထားကြောင်း၊ မီးလောင်သည့်နေရာမှ လွဲ၍ တစ်မြို့လုံးမည်းမှောင်နေကြောင်း၊ မီးမှာ ယနေ့ည ၈း ၄၀ ခန့်တွင် ၊ ကမ်းနားလမ်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ များသည် ဟုပြောနိုင်ကြောင်း၊ လပွတ္တာမြို့ရှိ ဒိန်းဒေါင်း( ရေစည်ကားများ) ၊ မီးလောင်ရာသို့သွားရောက်မီးငြိမ်းသတ်နေကြကြောင်း၊ အနီးအနားမှ၇ွာများကလည်း စက်လှေများဖြင့်လာရောက် မီးငြိမ်းသတ်ပေးနေကြောင်း၊ မီး လောင်ကျွမ်းနေဆဲပင်ဖြစ်ကြောင်း
လပွတ္တာမြို့ ရှိ ကမ္ဘောဇတိုင်းသတင်းထောက်က ယနေ့ည ၁၀း၀၀ နာရီတွင်သတင်းပေးပို့သည်။

" အဒေါ်အိမ်က ပစ္စည်းတွေ လာရွေ့ပေးတာပါ။ မီးကတော်တော်ကြီးကိုလောင်နေတယ်။ လတ်တလော ငြိမ်းမယ့်အနေအထားမမြင်ဘူး၊ ဂဏန်းဒိုင်တွေ ဘက်ကို မီးက ကူးနေတယ်။ ဒီမှာက ရေသယ်ယဉ်လေးတွေ (ဒီန်းဒေါင်းလေးတွေ)က အဓိက ငြိမ်းသတ်နေရတယ်။ မီးသတ်ကား ကလည်း ငြိမ်းပေမယ့် ဘယ်နိုင်မလဲ၊ အနီးဆုံး မြောင်းမြ ကမီးသတ်ကားတွေကိုလည်း အခုထိတော့ ကျနော် မတွေ့ရသေးဘူး ” ဟု မီးလောင်သည့် နေရာတွင် ရောက်ရှိနေသည့် ကာတွန်းဆရာ မိုးသွင်က ယနေ့ည ၁၀း၁၀ တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

စိုးစိုး- KBZT

PHOTO - MT
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
မီးလောင်မှုကြောင့်လပွတ္တာတစ်မြို့ လုံးကို အမှောင်ချ ထား ၊ ဂဏန်းဒိုင်များဖက်သို့ မီးကူးစက်လောင်ကျွမ်းနေ၊လတ်တလော မီးငြိမ်းနိုင်မည့် အနေအထားမရှိသေးဟုဆို  မီးလောင်မှုကြောင့်လပွတ္တာတစ်မြို့ လုံးကို အမှောင်ချ ထား ၊ ဂဏန်းဒိုင်များဖက်သို့ မီးကူးစက်လောင်ကျွမ်းနေ၊လတ်တလော မီးငြိမ်းနိုင်မည့် အနေအထားမရှိသေးဟုဆို Reviewed by THITHTOOLWIN on 06:32 Rating: 5
Powered by Blogger.