ပုလောမြို့နယ် ကျောက္ကာရွာတွင် မီးလောင်ကျွမ်းမှု အား မွန်းလွဲပိုင်းတွင် ထိန်းနိုင်ပြီဖြစ်၊ လက်ရှိတွင် မီးကြွင်းမီးကျန် ငြိမ်းသတ်နေ


    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

    တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စတင် လောင်ကျွမ်းသော မီးသည် နေ့လည် ၁၂း၁၅ နာရီတွင် မီးထိန်းနိုင်သည့် အဆင့်သို့ ရောက်ရှိပြီး၊ လက်ရှိ နေ့လည် ၃ နာရီ  ဝန်းကျင်တွင် အချိန်တွင် မီးကြွင်း၊ မီးကျန်များအား ငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ က ဆင်ဟွာကို ပြောသည်။

၎င်း တာဝန်ရှိသူက “ ဖေ့ဘွတ်မှာတော့ အိမ်ခြေ ၆၀၀ ကျော်ပါတယ်ဆို ပြောနေတာရှိတယ်။ ကျွန်တော်တို့ ဆီကိုတော့ ဒေသခံ မီးသတ်တပ်ဖွဲ့ကနေ အတိအကျသတင်း ပို့တာ မရှိသေးပါဘူး။ ဘယ်ကနေ စလောင်တယ်ဆိုတာ လည်း လောလောဆယ် သတင်း မရရှိသေးပါဘူး’’ ဟု ပြောသည်။


ကျောက္ကာရွာတွင် အိမ်ခြေ ၉၀၀ ခန့်ရှိပြီး ပင်လယ် ကမ်းခြေရွာ ဖြစ်သောကြောင့် မီးသတ်ကား မဝင်နိုင်ဘဲ ပင်လယ်ရေကို ရေစက်ဖြင့် မောင်းတင်၍ မီးငြိမ်းသတ်ရကြောင်း ၊သို့ဖြစ်ပါ၍ မီးငြိမ်းသတ်ရန် ကြန့်ကြာမှု ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ပုလောမြို့နယ် ကျောက္ကာရွာတွင် မီးလောင်ကျွမ်းမှု အား မွန်းလွဲပိုင်းတွင် ထိန်းနိုင်ပြီဖြစ်၊ လက်ရှိတွင် မီးကြွင်းမီးကျန် ငြိမ်းသတ်နေ ပုလောမြို့နယ် ကျောက္ကာရွာတွင် မီးလောင်ကျွမ်းမှု အား မွန်းလွဲပိုင်းတွင် ထိန်းနိုင်ပြီဖြစ်၊ လက်ရှိတွင် မီးကြွင်းမီးကျန် ငြိမ်းသတ်နေ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.