ထိုင်းနိုင်ငံ မုံးတိုင်းရင်းသူတစ်ဦး လည်လှီးသတ်ဖြတ်ခံရ

တက် (ตาก) တက်ခရိုင်၊ ဖုတ်ဖရ (พบพระ) မြို့မှ ရဲအဖွဲ့များ ရက်စက်တဲ့လူသတ်မှုတစ်ခုသတင်းရရှိခဲ့ပါတယ်။ သေဆုံးသူမှာ ထိုင်းနိုင်ငံ"မုံး"တိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။

 သေဆုံးသူမှာ လည်လှီးခံရပြီး သေဆုံးခဲ့ရပါတယ်။ ဒီနေ့ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှာ တက် (ตาก) တက်ခရိုင်၊ ဖုတ်ဖရ (พบพระ) မြို့မှရဲအဖွဲ့များနှင့် ဆေးရုံးမှ ဆရာဝန်များတို့ လူသတ်မှုဖြစ်ခဲ့တဲ့ (ตาก) တက်ခရိုင်၊ ဖုတ်ဖရာ (พบพระ) မြို့၊ လွန်ထိုင်းဖတ်ထနာ (รวมไทยพัฒนา)၊ ရပ်ကွက် ၈သို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

 သေဆုံးသူမှာ အသက် ၅၀နှစ်ခန့်အရွယ် Ms.မီ ဖြစ်ပါတယ်။ အလောင်းကိုအိမ်ဘေးမျက်ခင်းပြင်မှာတွေ့ရပါတယ်။ အလောင်းသည် လည်ပင်းလှီးခံရပြီး အင်္ကျီအပေါ်ပိုင်း ကြယ်သီးဖြုတ်ထားပြီး ဘောင်းဘီလည်းချွတ်ထားခံရကြောင်းဆိုပါတယ်။

 ဒါပေမဲ့ မုဒိန်းကျင့်ခြင်းခံရတဲ့ဒဏ်ရာကိုတော့ မတွေ့ရှိကြောင်း ဆိုပါတယ်။ ရဲအဖွဲ့များမှ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ အသက်၅၄နှစ် Mrယွတ်တဖုန်းကို မသင်္ကာသောကြောင့် စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါတယ်။

 သို့သော် Mrယွတ်တဖုန်မှမိမိသည် Ms.မီ ကိုမသတ်ကြောင်းငြင်းပါတယ်။ အလောင်းမှာတွေ့ရှိတဲ့လက်ပွေကို DNA စစ်ဆေးပြီးမှ လူသတ်သမားကိုအမိဖမ်းဆီးမယ်လို့ ရဲအဖွဲ့မှဆိုပါတယ်။

MTF Channel
https://www.facebook.com/mtftv/
ထိုင်းနိုင်ငံ မုံးတိုင်းရင်းသူတစ်ဦး လည်လှီးသတ်ဖြတ်ခံရ  ထိုင်းနိုင်ငံ မုံးတိုင်းရင်းသူတစ်ဦး လည်လှီးသတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.