ပဲခူးမြို့ စိန်သာလျှောင်းဘုရားလမ်းတွင် လူသတ်မှု ဖြစ်ပွား


ဖေဖေါ်ဝါရီ ၂၁ရက်နေ့  နေ့ လည်၀၂း၀၀ အချိန်ခန့် က ပဲခူးမြို့ ကတွင်းခြံကျေးရွာအုပ်စု တောင်သူစုကျေးရွာအပိုင်အတွင်းရှိ စိန်သာလျှောင်းဘုရားလမ်းတွင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ လူသတ်မှုအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးရာမှာ စိန်သာလျှောင်းဘုရားလမ်း ယာဘက်ခြမ်း လမ်းဘေးချိုင်းအတွင်း အမျိုးသားတစ်ဦး ယာဘက်ရင်အုံတွင် ထိုးသွင်းရာ တစ်ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ ရသည်။


စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူမှာ ကိုပေ(ခ)ကျော်ဆန်းဦး(၄၃)နှစ် (ဘ) ဦးအောင်ကြည် တောင်သူစုကျေးရွာနေသူ ဖြစ်ကြောင်းသိရပြီး စခန်းမှူး ဒုရဲမှူးစိုးပိုင်နှင့် အဖွဲ့ သည် အခင်းဖြစ်ရပ် ပတ်ဝန်ကျင်ရှိ သက်မဲ့သက်သေများ ရှာဖွေစစ်ဆေးခြင်း မြေပုံကြမ်းရေးဆွဲခြင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ခြင်းတို့ကို ဆောင်ရွက်ပြီး သေဆုံးသူကိုပေ(ခ)ကျော်ဆန်းဦး၏ အလောင်းကို ဆေးစစ်ချက်ရယူနိုင်ရန် ရဲဆေးစာနှင့်အတူ ပဲခူးပြည်သူ့ဆေးရုံကြီးသို့  လူမှုအသင်းအဖွဲ့ ကား အကူအညီဖြင့် ပို့ ဆောင်ပေးခဲ့သည်။


အခင်းဖြစ်ရပ် ပါတ်ဝန်းကျင်ရှိ မြင်/သိသက်သေများ ရှာဖွေစုံစမ်းပြီး သတင်းစုံစမ်း ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူမှာ နန်းတော်ရာ ရပ်ကွက်အင်းဝင်(၁၄)နေထိုင်သူ ကျော်ကြီး(ခ)ကျော်ဇေထိုက်ဆို သူဖြစ်ကြောင်းသိရ၍ ၎င်းနေထိုင်ရာအိမ်သို့ စခန်းမှူးဒုရဲမှူးစိုပိုင်နှင့် ရဲတပ်ဖွဲ့ ဝင်များဖမ်းဆီးရန် ဆောင်ရွက်နေစဉ်အတွင်း ပဲခူးမြို့ ဥာဏဗလဆရာတော်ကိုယ်တိုင် ကျော်ကြီး(ခ)ကျော်ဇေထိုက်အား ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သောစကေဘာနှင့်အတူ လာရောက်ပို့ အပ်ခဲ့၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကာ သေဆုံးသူကိုပေ(ခ)ကျော်ဆန်းဦး၏ ဇနီးဖြစ်သူမှ အရေးယူပေးပါရန် တရားလိုပြု တိုင်တန်းချက်အရ ပဲခူးမြို့မရဲစခန်း(ပ)၁၃၁/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂ဖြင့် အမှုအားရေးဖွင့်၍ ပဲခူးမြို့မစခန်းမှူးဒုရဲမှူးစိုးပိုင်မှအမှုအား ဆက်လက် ဆောင်ရွက်နေကြောင်း သိရပါသည်

သတင်း - ဓါတ်ပုံ ။ ။ ဇော်ရှင်း (facebook)
ပဲခူးမြို့ စိန်သာလျှောင်းဘုရားလမ်းတွင် လူသတ်မှု ဖြစ်ပွား  ပဲခူးမြို့  စိန်သာလျှောင်းဘုရားလမ်းတွင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.