အီကွေဒေါ ခရီးစဉ် အတွင်း တူရကီသမ္မတ သက်တော်စောင့်တွေ ဒေသခံတွေ နဲ့ ပြဿနာတက်

 တူရကီ သမ္မတ မိန့်ခွန်း ပေးနေရာ အခန်းထဲ ကနေ အဲဒီ့ ဆန္ဒပြ အမျိုးသမီး တွေ ကို သမ္မတရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ က ဆွဲထုတ် ခဲ့ကြ ပါတယ်။
အီကွေဒေါ နိုင်ငံ မှာ ရောက်ရှိနေတဲ့ တူရကီ သမ္မတ ရာဂျိပ် တိုင်ရိပ် အဒိုအန် ရဲ့ သက်တော်စာင့် ကိုယ်ရံတော် တွေ ရဲ့ နိုင်ငံကူး လက်မှတ် တွေ လိုချင် တယ် ဆိုပြီး အီကွေဒေါ ရဲ တပ်ဖွဲ့ က တောင်းဆို လိုက်ပါတယ်။

အီကွေဒေါ မြို့တော် ကီတိုး ကို တရားဝင် အလည်ပအတ် ခရီး လာရောက်တဲ့ သမ္မတ အဒိုအန် ရဲ့ ခရီးစဉ် အတွင်း ဆန္ဒပြ သမား တွေ နဲ့ သမ္မတ ရဲ့ ကိုယ်ရံတော် အဖွဲ့ အကြား ကိုယ်ထိ လက်ရောက် ရုန်းရင်းဆန်ခတ် တွေ ဖြစ်ခဲ့ ကြပါတယ်။

တူရကီ မှာ မတရားသင်း ကြေညာခံထားရတဲ့ ကာ့ဒ်မျိုးနွယ်စု အဖွဲ့ PKK အပေါ် တူရကီ အစိုးရ ရဲ့ ပြုမူ ပုံ တွေ အပေါ် ဆန့်ကျင် ကန့်ကွက် တဲ့ အနေနဲ့ ပြီးခဲ့တဲ့ ကြာသာ ပတေး နေ့ က ကီတိုး မြို့တော် မှာ သမ္မတ အဒိုအန် မိန့်ခွန်း ပြောတုန်း အမျိုးသမီး အုပ်စု တစ်ခု က လူသတ် ကောင် ဆိုပြီး ကန့်ကွက် ဆန္ဒ ပြခဲ့ကြတာ ဖြစ်ပါတယ်။

တူရကီ သမ္မတ မိန့်ခွန်း ပေးနေရာ အခန်းထဲ ကနေ အဲဒီ့ ဆန္ဒပြ အမျိုးသမီး တွေ ကို သမ္မတရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ က ဆွဲထုတ် ခဲ့ကြ ပါတယ်။

အဲဒီလို တူရကီ သမ္မတ လုံခြုံရေး အဖွဲ့ ရဲ့ ကိုယ်ထိ လက်ရောက် ပြုမူပုံ ဟာ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ် ဆိုပြီး အီကွေဒေါ ပြည်ထဲရေး ဝန်ကြီး ဟိုဆေး ဆီရားနိုး က အပြင်းအထန် ကန့်ကွက် ရှုတ်ချ ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီကွေဒေါ ခရီးစဉ် အတွင်း တူရကီသမ္မတ သက်တော်စောင့်တွေ ဒေသခံတွေ နဲ့ ပြဿနာတက်  အီကွေဒေါ ခရီးစဉ် အတွင်း တူရကီသမ္မတ သက်တော်စောင့်တွေ ဒေသခံတွေ နဲ့ ပြဿနာတက် Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.