မြိတ်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ကျောင်းသားကျောင်းသူကိုးဦး ထိခိုက်ဒဏ်ရာရရှိ


မြိတ် ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့ ရှမ်းချောင်းရပ်ကွက် အမက ကျောင်းရှေ့ မြိတ်-ကျွဲကူးလမ်းမကြီး ပေါ်၌ ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ထော်လာဂျီ က ကျောင်းကားကို ဝင်ရောက်တိုက်မိ ပြီး ကျောင်းကားတိမ်းမှောက်၍ ကျောင်းသား ကျောင်းသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ မြိတ်မြို့ ရှမ်းချောင်း ရပ်ကွက် ရှမ်းချောင်းအမကကျောင်း ရှေ့ မြိတ်-ကျွဲကူး လမ်းမကြီးပေါ်၌ ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မြိတ်မြို့ဘက်မှ ကျွဲကူး ဘက်သို့ ယာဉ်မောင်း ဘိုဘို(၂၃ နှစ်)ဇေယျာသီရိ(၁)ရပ်ကွက် မြိတ်မြို့ နေသူသည် ယာဉ်အမှတ် YGN 3H/----- နစ်ဆန်းလိုက်ထရပ် ယာဉ် သည် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားရှစ်ဦး၊ ကျောင်းသူ ၁၃ ဦးတို့အားတင်ဆောင်၍ မောင်းနှင် လာစဉ်ကျွဲကူးမှ မြိတ်မြို့ဘက်သို့ တောင်ဖီလာကျေးရွာ ကဟန်း ကျေးရွာအုပ်စု မြိတ်မြို့နေသူ ဦးနောင်မဲ(ခ) ဦးတင်မျိုးလွယ်(၃၆ နှစ်) မောင်းနှင်သည့် ယာဉ်အမှတ် ၈ဌ/---- ထော်လာဂျီက ဆိုင်ကယ် ကိုရှောင်တိမ်းရာမှ တစ်ဖက်ယာဉ် ကြောသို့ရောက်ရှိပြီး ကျောင်းကား ၏ ဝဲဘက်ခြမ်းကို ဝင်ရောက် တိုက်မိခဲ့ရာ ကျောင်းကားမှာ ယာဘက်သို့ တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒုတိယနှစ် ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများဖြစ်ကြ သော မစုမြတ်ဇော်(၁၈ နှစ်)၊ မဂျူးမီမီ အောင်(၁၈ နှစ်)၊ မမီမီကျော်ဇင် (၁၈ နှစ်)၊ မစုမြတ်သွယ်(၁၇ နှစ်)၊ မဇင်ပွင့်ထွေး(၁၇နှစ်)၊ မခိုင်သဇင်ဖြိုး (၁၉ နှစ်)၊ မောင်အောင်ဝင်းထွဋ် (၁၇ နှစ်)၊ မောင်ရဲမင်းကျော် (၁၉ နှစ်)တို့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မလင်းထက်ထက်အောင် (၁၇ နှစ်)မှာ ဦးခေါင်းမူးဝေ နာကျင်ဒဏ်ရာရရှိကာ အတွင်းလူနာ အဖြစ် မြိတ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထော်လာဂျီမောင်းနှင်သူ ဦးနောင်မဲ (ခ)ဦးတင်မျိုးလွယ်ကို မြိတ်မြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ကျောင်းသားကျောင်းသူကိုးဦး ထိခိုက်ဒဏ်ရာရရှိ  မြိတ်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ကျောင်းသားကျောင်းသူကိုးဦး ထိခိုက်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.