ယာဉ်ကြောပြောင်းပြန်မောင်း လိုင်းကားယာဉ်ကြောင့် ယာဉ်တိုက်မှုဖြစ်၊ လေးဦးဒဏ်ရာရ


ရန်ကုန် ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီခန့်က ကမ်းနားလမ်းဟောင်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာ သော ဗိုလ်တထောင်-လှိုင်သာယာခရီးစဉ်ပြေးဆွဲနေသည့် စံဝေလလိုင်းကားယာဉ်အမှတ် ၄ခ/---- သည် လသာ မြို့နယ်အတွင်း ယင်းလမ်းမပေါ်၌ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခဲ့သဖြင့် လသာလမ်းနှင့် ကမ်းနားလမ်းဟောင်း မီးပွိုင့်လမ်းဆုံတွင် မီးနီအချက်ပြထားသော်လည်း အရှိန်ဖြင့် ဖြတ်ကျော်မောင်းနှင်လာမှုကြောင့် အယ်လ်ဖာ့ ကိုယ်ပိုင် ယာဉ် 4I/----၏ ဝဲဘက်ခြမ်းကို တိုက်မိခဲ့သည်။

ယင်းနောက် လိုက်အေ့စ် ယာဉ်ငယ် 7A/---- ၏ ဝဲဘက်ခြမ်းကို ထပ်မံတိုက်မိခဲ့ပြီး ၁၉ လမ်းထိပ် အနောက်မှ အရှေ့သွားယာဉ်ကြောပေါ်ရှိ လိုင်းကားမှတ်တိုင်အနီး လမ်းဘေးယာဉ်ရပ်နားရာနေရာရှိ ယာဉ်ငယ်များရှေ့၌ ရပ် သွားသည်။

လိုင်းကားပေါ်၌ ခရီးသည်အနည်းငယ်သာ လိုက်ပါစီးနင်းလာပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားသည်ဟု ယင်းနေရာအနီးရှိ မြင်တွေ့သူများက ဆိုသည်။

ထို့နောက် အယ်လ်ဖာ့ယာဉ်ပေါ်မှ သုံးဦး၊ လိုက်အေ့စ် ယာဉ်ငယ်ပေါ်မှ တစ်ဦး စုစုပေါင်းလေးဦးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်သုံးစီးစလုံး၏ ခေါင်းပိုင်းဝဲဘက်ခြမ်းတို့ ပျက်စီးခဲ့ ကြောင်း သိရသည်။ ခင်ဆိုင်

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ယာဉ်ကြောပြောင်းပြန်မောင်း လိုင်းကားယာဉ်ကြောင့် ယာဉ်တိုက်မှုဖြစ်၊ လေးဦးဒဏ်ရာရ  ယာဉ်ကြောပြောင်းပြန်မောင်း လိုင်းကားယာဉ်ကြောင့် ယာဉ်တိုက်မှုဖြစ်၊ လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 10:32 Rating: 5
Powered by Blogger.