လွန်ခဲ့သည့်သုံးနှစ်တာကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းသည့်ရွှေ ကီလိုဂရမ် ၃ဝဝဝ နီးပါးသိမ်းဆည်းရမိ


ဒါကာ ဖေဖော်ဝါရီ ၁ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဥပဒေ စိုးမိုးရေးအရာရှိများသည် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း နိုင်ငံတွင်းသို့မှောင်ခိုတင်သွင်းလာသည့် ရွှေသတ္တု အလေးချိန် ကီလိုဂရမ် ၃ဝဝဝ နီးပါးကို သိမ်းဆည်းရမိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။

ရွှေထည်၊ ရွှေချောင်းနှင့်ရွှေဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာ ပစ္စည်းများသိမ်းဆည်းရမိမှုမှာ ၂ဝ၁၃ ခုနှစ်တွင် အလေးချိန် ၆၂ဝ ဒသမ ၄၁ ကီလိုဂရမ်၊ ၂ဝ၁၄ ခုနှစ်တွင် ၁၅၃၉ ဒသမ ၆၈ ကီလိုဂရမ်နှင့် ၂ဝ၁၅ ခုနှစ်တွင် ၇၈၄ ဒသမ ၁၇ ကီလိုဂရမ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အေအမ်အေမူဟစ် က လွှတ်တော်၏ စာဖြင့်မေးမြန်းမှုကို ဖြေကြားရာတွင်ပြောကြားသည်။

ဖမ်းဆီးရမိသော ရွှေများကို ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်၌လုံခြုံရေးအတွက်အပ်နှံထားကြောင်း ၄င်းက ပြောကြားသည်။

မကြာသေးမီလများအတွင်း ဘင်္ဂလားဒေ့ရှ်ဥပဒေစိုးမိုးရေးအရာရှိများသည် နေ့စဉ်နီးပါးမျှ ရွှေထည်၊ ရွှေချောင်းနှင့်ရွှေထည်ဖြင့်ပြုလုပ်ထားသော ရတနာပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့သည်။ယင်းပစ္စည်းများမှာ နိုင်ငံတွင်းသို့ လေကြောင်းခရီးစဉ်များ အသုံးပြုကာမှောင်ခိုတင်သွင်းလာ ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ဘင်္ဂလားဒေ့ရှ်ဒေသခံမှောင်ခို သမားများသည် ဂိုဏ်းများအဖြစ် စုစည်းကာ နိုင်ငံရပ်ခြားရှိ ၄င်းတို့၏အပေါင်းပါများနှင့်ချိတ်ဆက်၍ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအား တရားမဝင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုပြီး ရွှေ၊ နိုင်ငံ ခြားငွေကြေးများ၊ တားမြစ်မူးယစ် ဆေးဝါးနှင့်ဆေးဝါးများကို တင်သွင်းနေကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

ဆင်ဟွာ။
https://www.facebook.com/TheMirrorDaily
လွန်ခဲ့သည့်သုံးနှစ်တာကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းသည့်ရွှေ ကီလိုဂရမ် ၃ဝဝဝ နီးပါးသိမ်းဆည်းရမိ  လွန်ခဲ့သည့်သုံးနှစ်တာကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းသည့်ရွှေ ကီလိုဂရမ် ၃ဝဝဝ နီးပါးသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.