အိန္ဒိယနိုင်ငံ မှ အမျိုးသားတစ်ယောက်သည် ၄င်း၏မိသားစုဝင် ၁၄ဦးအား သတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်

၎င်း၏မိသားစုဝင် ၁၄ဦးအား သတ်ဖြတ်ခဲ့သူ အိန္ဒိယနိုင်ငံ မှ လူသတ်တရားခံ၏ ဓါတ်ပုံအားတွေ့ရစဉ် (internet)
    နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ Maharastra ပြည်နယ် ရှိ အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၂၈ရက်နေ့က ၄င်း၏မိသားစုဝင် ၁၄ဦးအား သတ်ပစ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယင်းထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်သည် မွန်ဘိုင်းမြို့၏သိမ်းခရိုင်တွင် ဖေဖော်ဝါရီ ၂၈ရက် အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလောင်းများကို နေအိမ်အတွင်းမှ သယ်ဆောင်ပြီးဖြစ်ကြောင်း၊ ၄င်းတို့၏ လည်မျို အား ချွန်မြနေသည့် ဓားဖြင့်အလှီးခံရပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နှင့် လူသတ်တရားခံဟု ယူဆရသည့် အမျိုးသားအား အခန်းတစ်ခု၌ ဓားတစ်ချောင်းကို လက်ထဲတွင်ကိုင်ထားလျက် မိမိကိုယ်ကို ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲအရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

သေဆုံးသူများတွင် ကလေး ၈ဦး၊ လူသတ်တရားခံ ကိုယ်တိုင်အပါအဝင် ၄င်း၏ ဇနီး၊ ညီအမ ၃ဦးနှင့် မိဘများပါဝင်ကြောင်းသိရသည်။

လူသတ်မှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းကို မသိရှိသေးကြောင်း၊ မိသားစုအတွင်းမှ အသက်ရှင် ကျန်ရစ်သူ တစ်ဦးသာ ရှိခဲ့ပြီး ၄င်းမှာ ယခုအချိန်တွင် အလွန်ထိတ်လန့်နေသည့် အခြေအနေတွင် ရှိနေသောကြောင့် အဖြစ်အပျက် အား မေးမြန်း၍ မရသေးကြောင်း ရဲအရာရှိကပြောကြားခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးမှုများ အရ လူသတ်သမားသည် ၄င်း၏ မိသားစုဝင်များ အား တစ်ယောက်ပြီးတစ်ယောက် မသတ်မီ နာကျင်မှု သက်သာစေရန် အိပ်ပျော်မိန်းမောစေသည့် ဆေးများ တိုက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယနိုင်ငံ မှ အမျိုးသားတစ်ယောက်သည် ၄င်း၏မိသားစုဝင် ၁၄ဦးအား သတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင် အိန္ဒိယနိုင်ငံ မှ အမျိုးသားတစ်ယောက်သည် ၄င်း၏မိသားစုဝင် ၁၄ဦးအား သတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.