တရားဝင် သက်မှတ်ထားခြင်း မရှိသည့် အက္ခရာနှင့် ဂဏန်းများ ရေးသားတပ်ဆင်ပြီး သွားလာနေသော မော်တော်ယဉ်များကို က.ည.န အရေးယူမည်
တရားမ၀င် သက်မှတ်ထားခြင်း မရှိသည့် အက္ခရာနှင့်ဂဏန်းများ ရေးသာ တပ်ဆင်ပြီး သွားလာ နေသည့် မော်တော်ယဉ်များကို ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုက်ပြန်ခဲ့သည်။
ထို့အတူ မော်တော်ယဉ်အချို့သည် က.ည.နမှ သက်မှတ်ထားသော ဖောင်းကြွအက္ခရာဂဏန်းများ မဟုတ်သည့်နံပါတ်များ၊ ယာယီနံပါတ်များ၊ ကိုယ်ထည်နံပတ်များ (ဥပမာ- ANH----,) ဖြင့် သွားလာနေသော ယာဉ်များကို ဖမ်းဆီးအရေးယူသွားမည် ဖြစ်သည်။ ထို့အတူ မောင်းနှင်သူများ၊ မောင်းနှင်ခွင့် ပြုသူများကို မော်တော်ယဉ်ဥပဒေ၊ တည်ဆဲဥပဒေများနှင့် အရေးယူသွာမည်ဖြစ်ပြီး မော်တော်ယဉ်များကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်သွားမည်ဖြစ်သည်။
က.ည.န မှ ထုက်ပြန်ထားသော်လည်း ရန်ကုန်မြို့တွင်း၌ ယာယီနံပါတ်၊ ကိုယ်ထည်နံပါတ်များ ဖြင့် မောင်တော်ယာဉ်များ သွားလာမောင်းနှင်လျက်ရှိသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မော်တော်ယာဉ်စီးရေ ၇၇၂,၇၈၈ စီးနှင့် မော်တော်ဆိုင်ကယ် ၄,၅၃၆,၅၇၀ စီးနှင့် သုံးဘီးဆိုင်ကယ် ၇၃,၆၁၁ စီး တရားဝင်မှတ်ပုံတင်ထားပြီး ဖြစ်သည်။
သတင်း - ကျော်စိုးဦး
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
တရားဝင် သက်မှတ်ထားခြင်း မရှိသည့် အက္ခရာနှင့် ဂဏန်းများ ရေးသားတပ်ဆင်ပြီး သွားလာနေသော မော်တော်ယဉ်များကို က.ည.န အရေးယူမည်
Reviewed by THITHTOOLWIN
on
17:23
Rating: