လောင်းလုံးမြို့နယ် ကမြောကြီး ကျေးရွာတွင် နေအိမ် ၁၅ လုံး မီးလောင်


 ထားဝယ်ခရိုင် လောင်းလုံးမြို့ နယ် ကမြောကြီး ကျေးရွာအုပ်စု ကဘူတောင်ပေါ် ဝန်းကျင်တွင် ယနေ့(ဖေဖော်ဝါရီလ ၇ ရက်) နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန် ခန့် က မီးလောင်မှု တစ်ခု ဖြစ်ပွားပြီး အိမ်ခြေ ၁၅ လုံး မီးလောင်းကျွမ်းခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့် အချိန်တွင် လေပြင်းများ တိုက်ခတ်နေသောကြောင့် မီးလောင်ကျွမ်းမှု လျှင်မြန်ခဲ့ပြီး ဒေသခံများနှင့် ထားဝယ်ခရိုင်အတွင်းရှိ မီးသတ်ယာဉ် ၈ စီး၊ စည်ပင်ရေသည်ယာဉ် ၁ စီးနှင့် ပုဂ္ဂလိက ရေရောင်းထော်လာဂျီ များဖြင့် ငြိမ်းသတ်ခဲ့ကာ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် မီးညွှန့် ကျိုးသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရှိသူ ၆ ဦးရှိခဲ့ပြီး ဇမ္ဗူသီရိ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီး သို့ တင်ပို့ ခဲ့ရကြောင်းသိရသည်။

 ဖြိုးဇင် (ထားဝယ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လောင်းလုံးမြို့နယ် ကမြောကြီး ကျေးရွာတွင် နေအိမ် ၁၅ လုံး မီးလောင်  လောင်းလုံးမြို့နယ် ကမြောကြီး ကျေးရွာတွင် နေအိမ် ၁၅ လုံး မီးလောင် Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.