ရွှေပြည်သာ လူငယ်တစု ထံမှ ဓားလက်နက်များ သိမ်းဆည်းရမိ


လူငယ်များ မသင်္ကာဖွယ် စုဝေးရောက်ရှိ နေကြောင်း သတင်းအရ ၀င်ရောက်စီးနင်းရာမှ ဓားလက်နက်များသိမ်းဆည်း ရမိသဖြင့် အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

၁၃.၂.၂၀၁၆ ရက်နေ့ ၀၀၃၀ အချိန်တွင် ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေပြည် သာမြို့နယ်၊ အမှတ်(၁၉/၄၈)ရပ်ကွက်၊ ၀င်္ကမ္ဘာပတ်လမ်းရှိ နေအိမ်တွင် လူငယ်များ မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေကြောင်း သတင်းအရ ၀င်ရောက် စီးနင်း ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေခဲ့ရာ ဆိုပါနေအိမ်တွင် ရွှေပြည်သာမြို့နယ် နေသူများ ဖြစ်ကြသည့် ကုလားမ(ခ) သက်ပိုင်စိုး (၂၂)နှစ်၊ ကျော်စိုး(ခ)ကျော်စိုးလွင် (၂၅)နှစ်၊ ပြည်သိန်း (၂၀)နှစ်၊ ကိုဖြိုး(ခ)ရဲလင်းထက် (၂၆)နှစ်တို့ (၄)ဦးအား ၎င်းနေအိမ်တွင် ထိုင်လျက်တွေ့ရှိရပြီး ၎င်းတို့ (၄)ဦးထံမှ အရိုးအသွား (၃၃)လက်မခန့်ရှိ ကင်ဒိုဓား (၁)ချောင်း၊ အရိုးအသွား (၂၈)လက်မခန့်ရှိဓားမ (၁)ချောင်း၊ အရိုးအသွား (၁၃)လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင် (၁)ချောင်း၊ အရိုးအသွား(၁၂)လက်မခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား(၉) လက်မခန့်ရှိ ဓားဦးချွန် (၁)ချောင်း၊ အရိုးအသွား(၇)လက်မခန့်ရှိဓားဦးချွန် (၁)ချောင်း၊ လေးခွ(၁) လက်နှင့် ၎င်းတို့ထံမှလက်ကိုင်ဖုန်းမျိုးစုံ(၇)လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

ယင်းသို့ တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကုလားမ(ခ)သက်ပိုင်စိုးပါ (၄)ဦးတို့အား ရွှေပြည်သာ မြို့မရဲစခန်း (ပ)၁၅၇/၂၀၁၆၊ လက်နက်အက်ဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရွှေပြည်သာ လူငယ်တစု ထံမှ ဓားလက်နက်များ သိမ်းဆည်းရမိ  ရွှေပြည်သာ လူငယ်တစု ထံမှ ဓားလက်နက်များ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 03:32 Rating: 5
Powered by Blogger.