အယ်နီညိုကြောင့် အချိန်အခါမဟုတ် မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန် ထားရ


ဟိမ၀န္တာကရေခဲတောင် အရည်ပျော်မှုနဲ့အတူ ဧရာဝတီမြစ်ရေလည်း အချိန်အခါမဟုတ် မြင့်တက်လာလို့မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ထား ပါတယ်။ အပူလွန်ကဲတဲ့ အယ်နီညို ရာသီဥတုကြောင့် ဟိမ၀န်္တာကရေခဲတွေ အရည်ပျော်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းမှာ မြစ်ရေကြီးမှုတွေ ကြုံနေရပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာလည်း မြစ်ရေမြင့်တက်လာပြီး နောက် (၃) ရက်ကနေ (၅) ရက်အထိ ဆက်လက်မြင့်တက်နေအုံးမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ မှာ (၅၀၃) စင်တင်မီတာကိုရောက်ရှိနေပြီး (၁၆)နာရီအတွင်း (၁၂)ပေခန့် မြင့်တက်ခဲ့တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြိး ဒီမြစ်ရေဟာ နောက်တစ်ရက်မှ (၃) ရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့မှာ (၇) ပေမှ (၈) ပေခန့်နဲ့ မန်္တလေး၊ မြင်းမူ၊ စစ်ကိုင်း၊ စစ်ကိုင်း၊ ပခုက်္ကူနဲ့ ညောင်ဦးတို့မှာလည်း နောက် (၃) ရက်မှ (၅) ရက်အတွင်း (၅) ပေမှ (၆) ပေထိ ဆက်လက် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောက်၊ မင်းဘူး၊ မကွေး အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာလည်း နောက်(၆)ရက်မှ (၁၁)ရက်အတွင်း ၄ပေမှ၅ပေထိ မြင့်တက်နိုင်သေးတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခုလိုမြစ်ရေမြင့်တက်နေမှုတွေကြောင့် မြစ်ကြောင်းတွေအတွင်း သွားလာနေတဲ့ ရေယာဉ်၊ သင်္ဘောများအနေနဲ့ သတိထားသင့်တဲ့အပြင် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်တာကြောင့် သဲသောင်ခုံများမှာ စိုက်ပျိုးနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ မိုးဇလက တာဝန်ရှိသူက ပြောပါတယ်။လက်ရှိအချိန်မှာ မလိခမြစ်ဖျားရှိ ရေခဲတောင်များ ပြိုကျမှုနဲ့ မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့မှာ ဈေးဆိုင်တစ်ချို့ရေနစ်မြုပ်နေပါတယ်။

For Info News
https://www.facebook.com/forinfo
အယ်နီညိုကြောင့် အချိန်အခါမဟုတ် မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန် ထားရ   အယ်နီညိုကြောင့် အချိန်အခါမဟုတ် မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန် ထားရ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.