ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် ညှိနှိုင်းမှု ပြီးစီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပြီ


- ဒေါ်အောင်ဆန်းစုကြည်သည် သူမသမ္မတဖြစ်ရေး ဆက်လက် ကြိုးပမ်းတော့မည်မဟုတ်ဘဲ အစိုးအဖွဲ့ဝင်တဦးနေဖြင့် အစိုးရကို ကိုင်တွယ်ထိန်းသိမ်းသွားမည်

- ယခင်က ပြောဆိုထားသည့်အတိုင်း NLD က ရုပ်ပြသမ္မတ တဦးကိုရွေးကောက်တင်မြှောက်ပြီး သူမက သမ္မအထက်မှာ ရှိနေမည်

- ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးနေရာ ရယူမည့် အလားအလာ အားကောင်း

- တရားဝင် ထုတ်ဖော်ပြောကြားမထားသော်လည်း NLD အနေနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် မကြိုးပမ်းတော့ဟု သိရ

- ဒေါ်အောင်ဆန်းစုကြည်သည် အနည်းဆုံး ၂ နှစ် ဖွဲ့စည်းပုံကို လက်ရှိအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးခဲ့သည်ဟု တပ်မတော်နှင့်ရော NLD နှင့်ပါ နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရ

- ၅၉ (စ) မှအပ ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် အခြားသော ကိစ္စရပ်များကို ဧပြီလွန်မှ ဆက်လက်ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သဘောတူထား

- ဖွဲ့စည်းပုံးအခြေခံဥပဒေ အခန်း ၄ အပိုဒ် ၉၈ အရ လွှတ်တော်အနေနှင့် ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်သည့် အထူးအခွင့်အာဏာရှိပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုနည်းလမ်းကို အသုံးပြုရန် လေးလေးနက်နက် စဉ်းစားခဲ့သော်လည်း တပ်နှင့်ထိပ်တိုက် တွေ့ဆုံနိုင်သောကြောင့် ခြေ/ဥ ပြင်ဆင်းရေး မကြိုးစားတော့ရန် ဆုံးဖြတ်

- ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် တွေ့ဆုံခဲ့သည့် ၃ ကြိမ်စလုံးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်

(ယနေ့ ၂၇-၂-၂၀၁၆ ဘန်ကောက်ပို့စ်က ဖော်ပြသော Larry Jagan ၏ Suu Kyi and army commander strike deal ဆောင်းပါးမှ ထုတ်နုတ်ချက်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် ညှိနှိုင်းမှု ပြီးစီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပြီ  ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် ညှိနှိုင်းမှု ပြီးစီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပြီ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.