ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် မီးလောင်မှုနောက်ဆက်တွဲသတင်း


ပုလော ဖေဖော်ဝါရီ ၁၃ ရက်

တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၉)နာရီ ခန့်က အမှတ်(၂) ရပ်ကွက် နေအိမ် တစ်အိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ ကြောင်း သိရသည်။

၁ နာရီ ခွဲ ခန့်တွင် မီးညွန့် ကျိုးပြီး ၂ နာရီ ခွဲခန့် တွင် ငြှိမ်းသတ်နိုင် ခဲ့ကြောင်း ရပ်ကွက် ၄ ခုနှင့် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက် တို့ရှိ အိမ်ခြေ ၄၀၀ ကျော် ၊ ကျောက္ကာကျေးရွာ အထက ခွဲ စာသင်ကျောင်း တို့အား မီးလောင်ကျွမ်း ခဲ့ကြောင်း၊ ဒေသခံများကို မီးဘေးလွတ်ရာသို့ စက်လှေများဖြင့် ပို့ဆောင် ခဲ့ကြကြောင်းနှင့် မီးဘေးသင့် ပြည်သူများအား ရာဇဂြိုဟ်ကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် အကူညီပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

ခရိုင်ပြန်/ဆက် (မြိတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် မီးလောင်မှုနောက်ဆက်တွဲသတင်း ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် မီးလောင်မှုနောက်ဆက်တွဲသတင်း Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.