ထိုင်းနိုင်ငံ တွင် ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေ လုပ်သားများ က အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့်


၂၈-၂-၂၀၁၆

ယနေ့ မနက် (၁)နာရီအချိန်မှာ ထိုင်းနိုင်ငံ သရ ခရိုင် (ထိုင်း -ကမ္ဘောဒီယား နယ်စပ်မြို့ နယ်) ကော့ကို ကျွန်းတွင်ရပ်နားထားသည့် စက်လှေပေါ်မှ ကမ္ဘော ဒီယား လှေထိုးသား ငါးဦးက ညပိုင်း ကျွန်းပေါ်ရှိ ဟော်တယ်သို့  ပြန်လာသူ နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး နှစ်ဦးကို အုပ်စုလိုက် ရိုက်နှက် မုဒိန်းကျင့်ခဲ့ကြကြောင်း သိရပါတယ်။


ကမ်းစပ်မှာ အမျိုးသမီးနှစ်ဦး ဒဏ်ရာတွေနဲ့  လဲနေတာကို ဟော်တယ် ၀န်ထမ်းတွေကတွေ့ ခဲ့ပြီးနောက် ရဲစခန်းကို တိုင်ကြားခဲ့ကြပါတယ်၊ နယ်မြေ ရဲတပ်ဖွဲ့  ၀င်များ - စစ်တပ်နဲ့  ကျွန်းအုပ်ချုပ်ရေး အရာရှိတွေပါဝင် လူ (၅၀) ကျော်က တကျွန်းလုံး ပိတ်ဆို့  ရှာဖွေ ခဲ့ရပြီး မနက်လေးနာရီမှာ တရားခံ ကမ္ဘာဒီယား နိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း နှစ်ဦးကတော့ တောတွင်း ထွက်ပြေးနေကြဆဲလို့ ရဲတပ်ဖွဲ့  က ထုတ်ပြန်ခဲ့ပါတယ်။

တရားခံတွေဟာ အသက် (၂၀)ကျော် လူငယ်တွေဖြစ်ကြပြီး ငါးဖမ်းစက်လှေ ရပ်နားထားစဉ် အရက်သောက်နေကြရင်းညပိုင်းကမ်းစပ်မှာ ယောက်ကျးလေးအဖေါ် မပါပဲ လမ်းလျှောက်နေတဲ့ နိုင်ငံခြား သူနှစ်ဦး ကို တွေ့ ခဲ့ရာက ၀ိုင်းချုပ်ပြီး မုဒိန်းကျင့်ခဲ့ကြတာပါ ၊ တရားခံ တချို့ က အမျိုးသမီးနှစ်ဦးကို သတိမေ့အောင်ရိုက် နှက်ခဲ့ကြေ ကြာင်း သိရပါတယ်၊ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးကို ဆေးရုံမှာအရေးပေါ် ဆေးကုသပေးနေရကြောင်း ထိုင်းနိုင်ငံ Khaosod အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ တွင် ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေ လုပ်သားများ က အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့်  ထိုင်းနိုင်ငံ တွင် ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေ လုပ်သားများ က အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့် Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.