ပသောင်းတံတားပေါ် ယာဉ်တိုက်မှုဖြစ်ပွား


4.2.2016

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ တံတားပေါ်တွင် ဖေဖေါ်ဝါရီ(၄)ရက်၊ နံနက်(၆)နာရီခန့်က ယာဉ်တိုက်မှု
ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ယာဉ်မောင်း ဦးဝဏ္ဏကျော်၊အသက်(၃၉)နှစ် မောင်းနှင်လာတဲ့ ISUZU အမျိုးအစား ယာဉ်အမှတ် (1J-1388)သည် တနင်္သာရီဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာစဉ် လမ်းခရီး၌ ငိုက်မြည်းပြီး တံတား
ပလက်ဖောင်းပေါ်တွင် အလုပ်သွားရန် လမ်းလျှောက်နေသူ ဦးတင်ဟုန် နှင့် ဦးစိုးမောင် တို့အား ဝင်တိုက်ပြီး တံတားဘေးဘောင်ကို ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။


ယာဉ်တိုက်မှုဖြစ်ပွားစဉ် ဦးစိုးမောင်၊ အသက်(၃၅)နှစ်သည် ဝဲဘက်ပေါင်ရိုးကျိုး၊ယာဘက်နှဖူးကွဲဒဏ်ရာဖြင့် နေရာတွင် သေဆုံးပြီး ဦးတင်ဟုန်မှာ ဝဲဘက်ခြေသလုံးရိုးကျိုး ဒဏ်ရာဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။

Myat Htut(Myeik) (facebook)
ပသောင်းတံတားပေါ် ယာဉ်တိုက်မှုဖြစ်ပွား  ပသောင်းတံတားပေါ် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.