ရွှေကူမြို့နယ်နှင့် ဘားအံမြို့တို့၌ မီးလောင်မှုဖြစ်


နေပြည်တော် ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ် ရွှေကူမြို့ အမှတ်(၃) ဆိုင်းကုန်းရပ် ကြေးနန်းနှင့် စာတိုက်ရုံးနောက်ဘက်တွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်သုံးလုံး၊ ဆိုင်ခန်းနှစ်ခန်း လောင်ကျွမ်းခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၇နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်ကိုမူ မသိရသေးပေ။

အလားတူ ဘားအံမြို့ ဇရပ်ဖြူကျေးရွာတွင် တန် ၄ဝဝဝ ဘိလပ်မြေစက်ရုံအဝင်လမ်း လေးခန်းတွဲ ဆိုင်ခန်းတွင် ယနေ့ ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်က တရားမဝင်ဆီဆိုင်မှ ပလတ်စတစ်ပုံးဖြင့် ဆီထည့်ရာ တည်ငြိမ်သဘာဝလျှပ်စစ်ဖြစ် ပေါ်၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး လေးခန်းတွဲဆိုင်ခန်းနှင့် အနီးကပ်လျက် ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းများအရ သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရွှေကူမြို့နယ်နှင့် ဘားအံမြို့တို့၌ မီးလောင်မှုဖြစ်  ရွှေကူမြို့နယ်နှင့် ဘားအံမြို့တို့၌ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.