မြန်မာ လမ်းဖောက်ရေး တောင်ကိုရီးယား ကူညီ


မြန်မာနိုင်ငံမှာ မိုင်ပေါင်း ၂ သောင်း ၁ ထောင်ကျော်ရှည်မယ့် နိုင်ငံတဝှမ်းသွားလာဖို့ အဝေးပြေးအမြန် လမ်းမကြီးတွေ ဖေါက်လုပ်မယ့်စီမံကိန်းအတွက်၊ မြန်မာနဲ့ တောင်ကိုရီးယားအစိုးရတို့ စီစဉ်နေတယ်လို့ ကိုရီးယား Yonhap သတင်းတစ်ပုဒ်မှာ မနေ့ကရေးသားဖေါ်ပြလိုက်ပါတယ်။

အဲဒီစီမံကိန်းကြီးကို ကိုရီးယားရင်းနှီးမြှုပ်နှံမှုအဖွဲ့က KOICA ခေါ် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီရဲ့ ရန်ပုံငွေနဲ့ တည်ဆောက်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းအတွက်ကာလကို နောက်အနှစ်နှစ်ဆယ်အတွင်းလို့ လျာထားသတ်မှတ်ထားပါတယ်။ ဒါ့အပြင် သွင်းကုန်ထုတ်ကုန်ကိုရီးယားဘဏ်ကလည်း ပဲခူးတိုင်းထဲမှာ ကီလိုဗို့အား ၅၀၀ သွယ်တန်းဖြန့်ဝေနိုင်မယ့် လျှပ်စစ်ဓါတ်အားပေးလိုင်းစီမံကိန်းတစ်ခု အကောင်အထည်ဖေါ်ဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာ လမ်းဖောက်ရေး တောင်ကိုရီးယား ကူညီ  မြန်မာ လမ်းဖောက်ရေး တောင်ကိုရီးယား ကူညီ Reviewed by THITHTOOLWIN on 11:14 Rating: 5
Powered by Blogger.