“ဘုရင့်နောင်ပွဲရုံဝင်းအတွင်း မီးလောင်မှုဖြစ်ပွား”


ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ၄ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောက် ပွဲရုံလမ်း၊ ရိုးကြီးချောင်းပတ်လမ်း၊ ဆန်းသစ်လက်ဖက်ရည်ဆိုင်ဘေး စိုး မိသားစု ပလက်စတစ်စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 မီးလောင်မှု အဆင့် ၃ သတ်မှတ်ထားပြီး မီးသတ်ကား ၄၆ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀၂ ဦးခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၃ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


 မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ အဆောက်အဦ ၃ သိန်း၊ စက်ပစ္စည်း ၅ သိန်း၊ ပလက်စတစ်ပုံး အလုံး ၂၀ တန်ဖိုး ၂ သိန်း၊ ပလက်စတစ်ဆေးရည် ၃ သောင်းဖိုးခန့် စုစုပေါင်း ၁၀ သိန်း ၃ သောင်ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

 အဲယားကွန် ၀ါယာရှော့မှ စတင်မီးလောင်ကျွမ်းခြင်းဖြစ်ကြောင် စုံစမ်း သိရှိရသည်။

အောင်ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
“ဘုရင့်နောင်ပွဲရုံဝင်းအတွင်း မီးလောင်မှုဖြစ်ပွား”  “ဘုရင့်နောင်ပွဲရုံဝင်းအတွင်း မီးလောင်မှုဖြစ်ပွား” Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.