ဆီးရီးယားတပ်များ အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်


ဘေရွတ် ဖေဖော်ဝါရီ ၁၄

ဆီးရီးယားအပစ်အခတ်ရပ်စဲရေး အစီအစဉ်မှာ အောင်မြင်မှုထက် ကျရှုံးမှုမှာ ပို၍ဖြစ်လာနိုင်ကြောင်း၊ ရုရှားတို့ ၏ လေကြောင်းပစ်ကူတိုက်ခိုက်မှုနှင့်အတူ ဆီးရီးယားအစိုးရတပ်များက အလက်ပိုမြို့အနီး သူပုန်ထိန်းချုပ်နယ်မြေ ကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ယင်းတို့အနေဖြင့် ရက်ကာပြည်နယ်ရှိ အိုင်အက်စ်တို့၏ခံတပ်ကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရုရှားက စနေနေ့တွင် ပြောကြားလိုက်သည်။
အင်အားကြီးနိုင်ငံများက တိုက်ခိုက်မှုများ အဆုံးသတ်ရန် သဘောတူညီခဲ့ပြီးနောက် တစ်ရက်အကြာ အရပ်သား များအား ဗုံးကြဲတိုက်ခိုက်နေသည်ဆိုသော ပြင်သစ်၏စွပ်စွဲချက်ကို ရုရှားက မြူးနစ်ကွန်ဖရင့်၌ ငြင်းဆိုလိုက် သည်။

ရုရှားတို့အနေဖြင့် အတိုက်အခံအုပ်စုများနှင့် အရပ်သားများအား ဗုံးကြဲတိုက်ခိုက်နေသည်ဆိုသော စွပ်စွဲချက် ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထပ်လောင်းပြောဆိုလိုက်ပြီး မော်စကိုအနေဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လေးစားသောအားဖြင့် ပစ်မှတ်များကို ပြောင်းလဲရမည်ဖြစ်ကြောင်း ၄င်းကပြော သည်။

အဆိုပါပဋိပက္ခသည် စက်တင်ဘာလက ရုရှားပါဝင်လာပြီးနောက် ကုလသမဂ္ဂက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် ရှုမြင်သုံးသပ်ပြီးကတည်းက အရှိန်မြင့်တက်လာခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆီးရီးယားတပ်များ အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်  ဆီးရီးယားတပ်များ အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက် Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.