ယာဉ်နောက်ဘီးပေါက် လမ်းဘေးထိုးကျ၍ ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ


ဆားလင်းကြီး ဖေဖော်ဝါရီ ၂၁

ပုသိမ်-မုံရွာ ကားလမ်း၌ ဖေဖော်ဝါရီ ၂ဝ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်က ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းရရှိသဖြင့် ကြေး စင်တောင် ရဲစခန်းမှ ရဲအုပ်ကျော်မင်း နိုင် အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်-၄၄၅/၁ နှင့် ၄၄၅/၂ အကြား ကံကုန်းရွာအနီး တောင်မှ မြောက်သို့ ယာဉ်မောင်း ဦးသန်းဝေ ဆားလင်းကြီးမြို့နယ် မောင်းနှင် လာသော ယာဉ်အမှတ် ၆င်္။---ပရာဒိုယာဉ်သည် ညာဘက် ဘီး ပေါက်၍လမ်း၏ ဘယ်ဘက်သို့ ထိုး ကျပြီး သစ်ဆိတ်ပင်ကို ဝင်တိုက်၍ တိမ်းမှောက်ခဲ့သည်။

ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးသန်းဝေနှင့် ယာဉ် ပေါ်ပါ ဒေါ်ခင်လေးဆွေတို့၌ ဒဏ် ရာများ ပြင်းထန်သဖြင့် ၁၆ ခုတင် ဆံ့ဆေးရုံမှတစ်ဆင့် မုံရွာမြို့ ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် ကို မဆင်မခြင် မောင်းနှင်သူအား ဆားလင်းကြီးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဦးငယ်(ဆားလင်းကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်နောက်ဘီးပေါက် လမ်းဘေးထိုးကျ၍ ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ  ယာဉ်နောက်ဘီးပေါက် လမ်းဘေးထိုးကျ၍ ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.