မြစ်အတွင်းက ကောင်မလေး


၂၉-၂-၂၀၁၆

2016 အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဖြစ်ရပ်မှန် မှတ်တမ်း ရုပ်ရှင် ရိုက်ကူးခဲ့သူ ဒါရိုက်တာဆု ရရှိသွားခဲ့တဲ့ အမျိုးသမီး Sharmeen Obaid-Chinoy ရှာမင် အိုဘစ် ရဲ့  A Girl in the River မြစ်အတွင်းက ကောင်မလေး ဖြစ်ရပ်မှန် မှတ်တမ်းကို CNN သတင်းဌာနကြီး မှာဖေါ်ပြရေးသားထားပါတယ်။

မိမိဆွေမျိုးအရင်းကို သွေးအေးအေးနဲ့  သတ်နေကြတဲ့ လူ့ အသိုင်းဝန်း တခုရဲ့  ကြောက်မက်ဖွယ်ရာ လုပ်ရပ်ကို ခံခဲ့ရတဲ့ ပါကစ္စတန် နိုင်ငံက ကျေးတောသူ Qaisar ကေဆာ ရဲ့  ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။

ကေဆာရဲ့  မိသားစုက ဦးလေးအရင်းဖြစ်သူနဲ့ ပေးစားတာကို လုံးဝလက်မခံခဲ့လို့  သူမကို အဖေနဲ့  ဦးလေးဖြစ်သူက သေနတ်နဲ့ ပစ်သတ်ပြီး အိပ်တလုံး တွင်း ထည့် ကာ အလောင်းကိုမြစ်ထဲ ပြစ်ချ လိုက်ပါတယ်။

ကံကောင်းလှစွာနဲ့  သူမ မသေခဲ့ပဲ ဒဏ်ရာတွေကို ပျောက်အောင်ကုသပြီး အမျိုးသမီးအဖွဲ့  တွေနဲ့ အတူ တရားရုံမှာအဖေနဲ့  ဦးလေးကို အမှုဖွင့်ခဲ့တဲ့ သူမရဲ့ သတ္တိဟာတနှစ်ကိုအမျိုးသမီးဦးရေ၁၀၀၀ခန့် ကိုသတ်ပြီး မြစ်ထဲမှာ
ဖြောက်ဖျက်နေကြတဲ့ လူ့ အသိုင်းဝန်းရဲ့  လုပ်ရပ်တွေကို ရပ်တန့် သွားအောင် ဟန့် တားနိုင်ခဲ့ပါတယ်။

CNN
Social Action for Women - SAW
မြစ်အတွင်းက ကောင်မလေး  မြစ်အတွင်းက ကောင်မလေး Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.