ထိုင်းတောင်ပိုင်း ရဲစခန်း တခု ကားဗုံးခွဲ တိုက်ခိုက်ခံရ


News update 27-2-2016

ထိုင်းနိုင်ငံတောင်ပိုင်း မောင်းခရိုင် ပတနီမြိုနယ် နယ်ခြားစောင့် တပ်ဖွဲ့ ရုံးဝင်းအတွင်း ယနေ့  နေ့ လည် ၁၂ နာရီအချိန် ကားဗုံးပေါက်ကွဲ ခဲ့လို့  အမျိုးသမီးတဦး အပါအ၀င် ရဲဝန်ထမ်း(၇)ဦး ဒဏ်ရာရခဲ့ကြောင်း ဘန်ကောက်ပိုစ့် အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

Honda Jazz, ဟွန်ဒါ အမျိုးအစား ကားတစီးပေါ်မှာ တတ်ဆင်ထားတဲ့ ဗုံးကို ရဲဝန်ထမ်းတွေ ဆုံကြတဲ့ စားသောက်ဆိုင် အနီးမှာ ထားခဲ့တာဖြစ်ပါတယ်။

ကားကတော့ ကျေးရွာတရွာကနေ ခိုးယူလာတာဖြစ်ပြီး မည်သူကမှ သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေငြာတာမျိုး မရှိသေးပါဘူး။ ပါတနီ ပြည်နယ်ဟာ မူဆလင် ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် ခွဲထွက်
ကြဘို့ လက်နက်ကိုင်တိုက်ပွဲဝင် တောင်းဆိုနေတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မှာ အစ္စလာမ် ဘာသာဝင် (၄) သန်းကျော် ရှိနေပါတယ်၊၂၀၀၇ ခုနှစ် မှတ်တမ်းအရ ၀တ်ပြုဗလီပေါင်း ၃၄၉၄ ခုမှာ မူဆလင် ဘာသာဝင်တွေ အများဆုံး ရှိနေတဲ့ ရလား Yala, Pattani ပါတနီ and Narathiwat နရာသီဝ ပြည်နယ်တွေမှာ အများဆုံး ဖြစ်ပါတယ်။

2004 ခုနှစ်ကစ မူဆလင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွေ အဖြစ်ခွဲထွက်ဘို့  လက်နက်ကိုင် တိုက်ခိုက်လာခဲ့ပါတယ် ။ ၁၀နှစ်ကျော်ကာလမှာ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀၀၀ ကျော် ဒဏ်ရာရခဲ့ပါပြီ။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

ထိုင်းတောင်ပိုင်း ရဲစခန်း တခု ကားဗုံးခွဲ တိုက်ခိုက်ခံရ  ထိုင်းတောင်ပိုင်း ရဲစခန်း တခု ကားဗုံးခွဲ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.