ဦးသိန်းစိန်အစိုးရ လက်ထက်၌ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များအား လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးရာ ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်က နှစ်ဆိုင်ရရှိ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များအား လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးရာ ယခင်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) ဦးသန်းရွှေ၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်က လုပ်ကိုင်ခွင့် နှစ်ဆိုင်ရရှိခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတန်းဝန်ဦးဖေသန်းက နိုင်ငံပိုင်မီဒီယာမှ ထုက်ပြန်ခဲ့သည်။

ယင်းထုက်ပြန်ချက်၌ အစိုးရမှ လုပ်ငန်းရှင်များထံသို့ စက်သုံးဆီဆိုင် ၂၆၁ ဆိုင် လွှဲပြောင်းပေးခဲ့သည်။ ထိုလုပ်ပိုင်ခွင့်ရရှိသော လုပ်ငန်းရှင်များသည် အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများသာ ရရှိခဲ့သည်။ SKY NET ရုပ်သံလိုင်း ထုတ်လွှင့်သည့် ရွှေသံလွင်ကုမ္ပဏီက ၁၃ ဆိုင်၊ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် လွန်စွာနီးစပ်သော ဧရာရွှေဝါကုမ္ပဏီက ၁၃ ဆိုင်၊ ဦးဇော်ဇော်ပိုင်ဆိုင်သောMax Myanmar ကုမ္ပဏီ၊ ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများကို ဆောက်လုပ်ခွင့်ရသော ရွှေတောင်ကုမ္ပဏီ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်က နှစ်ဆိုင်နှင့် အခြားသော လုပ်ပိုင်ခွင့်ရ ဆိုင်များသည်လည်း အစိုးရအဖွဲ့နှင့် နီးစပ်သော လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

အလားတူ ၂၀၁၀ ခုနှစ် နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များ လုပ်ငန်းရှင်များထံ လွှဲပြောင်းပေရာ၌ အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဦးသိန်းစိန်အစိုးရကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း - ကျော်စိုးဦး
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
ဦးသိန်းစိန်အစိုးရ လက်ထက်၌ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များအား လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးရာ ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်က နှစ်ဆိုင်ရရှိ ဦးသိန်းစိန်အစိုးရ လက်ထက်၌ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များအား လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးရာ ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်က နှစ်ဆိုင်ရရှိ Reviewed by THITHTOOLWIN on 12:47 Rating: 5
Powered by Blogger.