ထိုင်းဘန်ကောက်မြို့ လည် ဆောက်လုပ်ရေး အလုပ်သမားများနေထိုင်သည့် ၀န်းအတွင်းမှ အခန်းပေါင်း ၂၀၀ကျော် မီးလောင်


Breaking news om 18-2-2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဟွေခွမ်အရပ် -ဖက်ဘူရီလမ်းမကြီးနဲ့  RCA အနီး ရှိ ဆောက်လုပ်ရေး အလုပ်သမားများ နေထိုင်နေကြတဲ့ အီတလီ-ထိုင်း ဖက်စက် ကုပ္ပဏီ ဆောက်လုပ်ရေး ၀င်းအတွင်း မနေ့ ညပိုင်း မီးစတင်လောင်ကျွမ်းခဲ့လို့  အလုပ်သမား အိမ် တန်းလျားပေါင်း ၂၀၀ ကျော် မီးလောင် ခဲ့ကြောင်း သိရပါ တယ်။


ထိုင်းသတင်း တခုမှာ ရေးသား ထားတာ ကတော့ အပူလွန် ကဲလာနေတဲ့အချိန် ဖုန်းဘက်ထရီ အားသွင်း ထားရာကနေ မီးစတင်လောင်ကျွမ်း ခဲ့တာလို့ လည်း ရေးသားကြပါတယ်။


မီးလောင်မှူကြောင့် မီးသတ်သမားတဦးနဲ့  ၀င်းအတွင်းက ဆောက်လုပ်ရေး လုပ်သားတွေ ဒဏ်ရာရခဲ့ကြောင်း ရေးသားထားပါတယ်။

ယခုဆောက်လုပ်ရေးဝန်းမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေ ထိုင်ခြင်းရှိမရှိ စုံစမ်းနေပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းဘန်ကောက်မြို့ လည် ဆောက်လုပ်ရေး အလုပ်သမားများနေထိုင်သည့် ၀န်းအတွင်းမှ အခန်းပေါင်း ၂၀၀ကျော် မီးလောင်  ထိုင်းဘန်ကောက်မြို့ လည် ဆောက်လုပ်ရေး အလုပ်သမားများနေထိုင်သည့် ၀န်းအတွင်းမှ အခန်းပေါင်း ၂၀၀ကျော် မီးလောင် Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.