သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အုတ်တံတိုင်း အနီးတွင် ဗုံးအတုတလုံး တွေ့ ရှိ



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

၁၅.၂.၂၀၁၆ ရက်နေ့ ၁၆၁၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (င/က)ရပ်ကွက်၊ သံသုမာလမ်း ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အုတ်တံတိုင်းရှေ့ ရေမြောင်းဘေးတွင် မသင်္ကာဖွယ်အထုပ်(၁)ထုပ်
တွေ့ရှိကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ ဗုံးအတုဖြစ်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ 3Kg ရှိ ဂက်စ်အိုးအထွက် ကြေးခေါင်းထိပ်နှင့် ဖုန်းအမှတ် ၀၉၇၇၉၈၂၄၉၁၂ တယ်လီနောဆင်းကတ်ပါ Nokia အမျိုးအစား လက်ကိုင်ဖုန်းထိပ်တွင် အရှည် ၄ လက်မခန့်ရှိ အစိမ်းနှင့်အနီရောင်
ဝါယာကြိုး ၂ ချောင်းတို့အား ဆက်သွယ်ထားရှိကြောင်း တွေ့ရှိရသဖြင့် ၁၇၂၀ အချိန်တွင် ဂက်စ်အိုးကျွမ်းကျင်သူ ကြီးပွားရေးရပ်ကွက်အရန် မီးသတ်ဒုတပ်ရင်းမှူး ဦးခင်မောင်ထွန်းမှ အဆိုပါတပ်ဆင်ထားသော
ဝါယာကြိုးအားဖြုတ်ခဲ့ရာ ဂက်စ်အနည်းငယ်သာတွေ့ရှိပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် တွေ့ရှိသောပစ္စည်းများကို သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သိမ်းဆည်းထားကြောင်း သိရှိရ
ပါသည်။

၎င်းဂက်စ်အိုးမှာ ပေါက်ကွဲမှုရှိနိုင်/မရှိနိုင် သိရှိရန်အတွက် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး ချမ်းငြိမ်းနှင့်အဖွဲ့က စစ်ဆေးခဲ့ရာ ဂက်စ်အိုးနှင့်တွဲလျက်ရှိသည့် တယ်လီဖုန်းအား ဖုန်းခေါ်ဆို လိုက်မည်
ဆိုပါက ဆက်သွယ်ထားသော ၀ါယာကြိုး ၂ စမှ ပွင့်သောမီးစသည် ဂက်စ်ကိုသာလောင်ကျွမ်းစေနိုင်ပြီး ပေါက်ကွဲမှုမရှိနိုင်ကြောင်း၊ ပေါက်ကွဲမှုဖြစ်စေနိုင်သည့် ဒီတိုနေတာယမ်းလည်း ပါရှိခြင်းမရှိ၍ ပေါက်ကွဲမှုမဖြစ်နိုင်ကြောင်းနှင့် ၀ါယာကြိုးနှင့် ဖုန်းချိတ်ဆက်ထားသည့် ဗုံးအတုသာဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုမှ ထင်ယောင်ထင်မှားဖြစ်စေရန် ဗုံးအတုပြုလုပ်ခြင်းသာ ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မရှိကြစေရန် အသိပေးဖော်ပြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ထားပါသည်။

by သစ်ထူးလွင်


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အုတ်တံတိုင်း အနီးတွင် ဗုံးအတုတလုံး တွေ့ ရှိ  သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အုတ်တံတိုင်း အနီးတွင် ဗုံးအတုတလုံး တွေ့ ရှိ Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.