အင်ဒိုမှာ ပလတ်စတစ်အိတ်ဖိုး တောင်းမယ်


အင်ဒိုနီးရှားနိုင်ငံ ​အစိုးရက ​ပလတ်စတစ်အိတ် ​ဒါမှမဟုတ် ​ကျွတ်ကျွတ်အိတ် ​အသုံးပြုမှုကို ​လျှော့ချဖို့ ​ကြိုးစားနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ​သန်းနဲ့ချီတဲ့ ​ပလတ်စတစ်အိတ်တွေ ​နေ့စဉ် ​စွန့်ပစ်ခံရပြီး ​တချို့က ​ပင်လယ်ပြင်မှာ ​ရောက်ရှိနေတာ ​ဖြစ်ပါတယ်။

ပင်လယ်ပြင်ကို ​ညစ်ညမ်းအောင် ​လုပ်တဲ့ ​နိုင်ငံထဲမှာ ​တရုတ်နိုင်ငံပြီးရင် ​အင်ဒိုနီးရှားက ​ဒုတိယအဆင့်မှာ ​ရှိနေတာကြောင့် ​အင်ဒိုနီးရှားက ​ပြဿနာကို ​ဖြေရှင်းဖို့ ​ကြိုးစားနေတာပါ။

အဲဒါကြောင့် ​ဒီတပတ်ကစပြီး ​ကျွတ်ကျွတ်အိတ် ​တစ်လုံးအတွက် ​၂၀၀ ​ရူပီယာ ​ဒါမှမဟုတ် ​ဒေါ်လာ ​၂ ​စင့်လောက်ကို ​တောင်းခံဖို့ ​ဈေးဆိုင်တွေကို ​အစိုးရက ​မှာကြားလိုက်ပါတယ်။

ကျွတ်ကျွတ်အိတ်ဖိုးကို ​တောင်းခံလိုက်ရင် ​လူတွေက ​အိမ်ကနေ ​ဈေးခြင်းတောင်းတွေ၊ ​ပြန်လည် ​အသုံးပြုနိုင်တဲ့ ​တခြား ​အိတ်တွေ ​ဒါမှမဟုတ် ​ကျွတ်ကျွတ် ​အိတ် ​အဟောင်းကို ​ပိုသုံးလာမယ်လို့ ​ရည်ရွယ်တဲ့အနေနဲ့ ​ပြုလုပ်တာ ​ဖြစ်ပါတယ်။

အဲဒါ့အပြင် ​ကျွတ်ကျွတ်အိတ် ​တစ်လုံးအတွက် ​ဒေါ်လာ ​၅၀ ​စင့် ​အထိ ​တိုးမြင့် ​တောင်းခံဖို့ ​ဂျာကာတာအာဏာပိုင်တွေက ​ညွှန်ကြားဖို့အထိ ​စဉ်းစားနေပြီ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသားအများစုရဲ့ ​တစ်အိမ်ထောင် ​ဝင်ငွေဟာ ​တစ်ရက်ကို ​၁၀ ​ဒေါ်လာ ​လောက်သာ ​ရှိပြီး ​ကျွတ်ကျွတ်အိတ် ​တစ်လုံးအတွက် ​ပြား ​၅၀ ​လောက် ​ပေးရမယ် ​ဆိုရင်တော့ ​တော်တော့်ကို ​အထိနာမယ့် ​ဥပဒေသစ် ​ဖြစ်မယ့်အကြောင်း ​Adam ​Harvey ​က ​အင်ဒိုနီးရှားကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အင်ဒိုမှာ ပလတ်စတစ်အိတ်ဖိုး တောင်းမယ်  အင်ဒိုမှာ ပလတ်စတစ်အိတ်ဖိုး တောင်းမယ် Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.