ပင်လယ်ပြင်တွင် မီးလောင်နစ်မြုပ်ခဲ့သည့် မြန်မာငါးကဲ့လှေမှ လှေသားများ အား စစ်ရေယာဉ်မှကယ်ဆယ်


နေပြည်တော် ဖေ ၂၃

မြိတ်မြို့နေ ဦးမင်းဦး ပိုင်ဆိုင်သည့် ခိုင်လင်းစိုး(၁၈၀)အမည်ရှိ ငါးကဲ့လှေသည် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၁နာရီ၃၀မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့ အနောက်တောင်ဘက် ၃၅ မိုင်ခန့် အရောက် စက်မကြီးအပူလွန်ကဲ၍ မီးပွားများလွင့်စင်ရာမှ လှေတစ်စီးလုံးမီးလောင်ကျွမ်းခဲ့ပါသည်။


ရေယာဉ်မီးလောင်မှုသတင်းကိုရရှိသည်နှင့် ပင်လယ်ပြင်လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ရေယာဉ် ၅၆၇ သည် မီးလောင်နေ သည့် နေရာသို့အမြန်သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ မီးလောင်နေသည့် လှေနှင့် ကိုက်၆၀၀ခန့်အကွာတွင် ရေကူးနေကြသည့် ပဲ့နင်း ဦးအုန်းမောင် ဦးစီးသည့် လှေသား ၁၅ ဦး စုစုပေါင်း ၁၆ ဦးကို အား ကယ်ဆယ်နိုင်ခဲ့ပါသည်။


လှေမီးလောင်မှုကြောင့် လူ သေဆုံးမှုမရှိခဲ့ကြောင်းနှင့် လှေသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။

တပ်မတော်-ရေ
https://www.facebook.com/MyanmarNavyOfficial/


ပင်လယ်ပြင်တွင် မီးလောင်နစ်မြုပ်ခဲ့သည့် မြန်မာငါးကဲ့လှေမှ လှေသားများ အား စစ်ရေယာဉ်မှကယ်ဆယ်  ပင်လယ်ပြင်တွင် မီးလောင်နစ်မြုပ်ခဲ့သည့် မြန်မာငါးကဲ့လှေမှ လှေသားများ အား စစ်ရေယာဉ်မှကယ်ဆယ် Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.