ညောင်ဦးတွင် ယွန်းထည်ဆိုင် မီးလောင်မှု ဖြစ်ပွား



ညောင်ဦး ဖေဖော်ဝါရီ ၂၄

ညောင်ဦးမြို့ အမှတ်(၅) နယ်မြေ စည်ပင်သာယာ ရပ်ကွက် ညောင်ဦးမှ ပုဂံမြို့ဟောင်း သွားလမ်း နံဘေးရှိ မြင့်ယွန်းထည်ဆိုင်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ၅ မိနစ် အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်ရာသို့ ညောင်ဦးခရိုင် မီးသတ် ဦးစီးဌာနမှ မီးသတ်ယာဉ် (၆)စီး၊ ပုဂ္ဂလိကရေသယ် ယာဉ် (၃)စီး တို့နှင့်အတူ ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်မီးသတ် ဦးစီးဌာန မှ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့ပေါ်ရှိ ဒေသ ခံ ပြည်သူများ စုပေါင်းအားနှင့် အဆိုပါ ယွန်းထည်ဆိုင်မှ တဆင့် အခြားနေ အိမ်နှင့် ဆိုင်ခန်းများသို့ မီးမကူးဆက်နိုင်ရေး၊ မီးလုံးဝ ငြှိမ်းသတ်နိုင်ရေး အတွက် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ၁၀ နာရီ ၅၀ မိနစ် အချိန်တွင် မီးလုံးဝ ငြှိမ်း သတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲသူရအောင် (ညောင်ဦး ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ညောင်ဦးတွင် ယွန်းထည်ဆိုင် မီးလောင်မှု ဖြစ်ပွား  ညောင်ဦးတွင် ယွန်းထည်ဆိုင် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 11:46 Rating: 5
Powered by Blogger.