မုံရွာမြို့ပေါ်တွင် ညအချိန်အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာပြည်သူအချို့ ထိခိုက်ဒဏ်ရာရ


မုံရွာ၊ ဖောဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်နှင့် နန္န၀န်ရပ်ကွက်အကြား ရွှေဝါရောင်ရေတွင်းလမ်း(ခေါ်) အင်းဖြတ်လမ်း၏တစ်နေရာတွင် ယခုလ ၁၂ ရက်ည ၁၀ နာရီအချိန်က အုပ်စုဖွဲ့ ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်ဒဏ်ရာကာ ယာဉ်အချို့ ပျက်စီးခဲ့ရကြောင်း ဦးခင်ဇော်က ပြောသည်။
`` အုပ်စုက နှစ်ဖွဲ့ဖြစ်တယ်၊ တစ်ဖွဲ့က လူအယောက် ၂၀ ၀န်ကျင်းလောက်ရှိပြီး နောက်တဖွဲ့ကတော့ မိန်းမတွေပါတဲ့ လူအယောက် ၅၀ ၀န်းကျင်လောက်ဖြစ်တယ်၊ လမ်းပေါ်လာသမျှလူကို စကားပြောမပါဘဲ ၀ိုင်းရိုက်တယ်၊ လောက်လေးခွများနဲ့ပစ်တယ်.. အခုကျွန်တော် ကားရဲ့ ရှေ့ကြည့်မှန်ကွဲသွားပြီး ..´´ ဟု ၎င်းက ဆက်လက်၍ ပြောသည်။


အဆိုပါ အင်းဖြတ်လမ်းပေါ်တွင် သွားလာလျက်ရှိသော ပြည်သူများအား မျက်နှာတွင် အနက်ရောင်ပုဝါစီးထားပြီး လက်အိတ်အချို့ဝတ်ဆင်ထားသူ အုပ်စုဖွဲ့ လူတစ်စုမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်း၊ တုတ်၊ဓားများကိုင်ဆောင်၍ အကြောင်းမဲ့ ရိုက်နှက်နေခြင်းဖြစ်သည်။


ထိုကြောင့် ကားမှန်ကွဲပြီး ဒဏ်ရာရ လူငယ်နှစ်ဦးအား ကူညီကယ်တင်ရန် လုပ်ဆောင်ခဲ့သူ ဦးခင်ဇော်က မုံရွာနယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် အကြိမ်ရေများစွာ ခေါ်ဆိုအကြောင်းအကြားခဲ့သော်လည်း ထိုနေ့ညက ရဲစခန်းမှ အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် ၎င်းလမ်းမကြီးပေါ်တွင် ဓိကရုဏ်ဆန်ဆန် ရုန်းရင်းဆန်ခတ်မှုများ အဆင့်ထိရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ယခုနှစ် လအနည်းငယ်အတွင်း၌ လူသတ်မှုဖြစ်စဉ်များ မြင့်တက်လာခဲ့ရာ ဇန္န၀ါရီတစ်လအတွင် လူသတ်မှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
မုံရွာမြို့ပေါ်တွင် ညအချိန်အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာပြည်သူအချို့ ထိခိုက်ဒဏ်ရာရ  မုံရွာမြို့ပေါ်တွင် ညအချိန်အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာပြည်သူအချို့ ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.