မြောက်ဦးတွင် သစ်ပင်အကိုင်းခုတ်ရာမှ ဓာတ်မီးတိုင်ကြိုးရိုက်မိ၍ သီလရှင် တစ်ပါး သေဆုံး


ရခိုင်ပြည်နယ် မြောက်ဦးတွင် သစ်ပင်ခုတ်ရာမှ ဓာတ်မီးတိုင်ကျိုးပြီး ပြတ်ကျသွားသော ကြိုးရိုက်မိ၍ သီလရှင် တစ်ပါး ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

“ ဖြစ်တာက ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲက ဖြစ်ပွားတာပါ။ ကားလမ်းပေါ်မှ မလွတ်ဘဲ ဖြစ်နေတဲ့ သစ်ကိုင်းကို ခုတ်ရာမှာ သစ်ကိုင်းက ဓာတ်တိုင်ပေါ် ပိကျပြီး ဓာတ်တိုင်ကျိုးတယ်။ မီးကြိုးက သီလရှင်ရဲ့ ခေါင်းကို လာရိုက်မိပြီး သေဆုံး သွားတာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့နယ် နယ်ထိန်းရဲ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သီလရှင်၏ မြောက်ဦး ဗန္ဓုလ ကျောင်းမှ ဖြစ်ပြီး လူအမည်မှာ မလှအေးဖြစ်ကြောင်း၊ လက်ထောက် မြို့နယ် ပညာရေးမှူး (ငြိမ်း) ဦးကျော်လှဦး၏ ညီမဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမှာ မြောက်ဦး ကျောက်ရစ်ကေ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သီလရှင်မှာ ဓာတ်တိုင်ကျိုးပြီး မီးကြိုးပြတ်ကျစဉ် လမ်းသွားနေရာမှ ယခုကဲ့သို့ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်နှင့် ကြုံခဲ့ရကြောင်း မြောက်ဦး ဒေသခံ ဦးဘညွှန့်က ပြောသည်။

သစ်ပင်ခုတ်သူမှာ ဦးမုန်တိုင်း ဖြစ်သည်။ သီလရှင်၏ ဦးခေါင်းမှာ ဓာတ်ကြိုးထိမှန်သဖြင့် နှစ်ခြမ်းကွဲအက်သွားသည်ဟု သိရသည်။

သူငါ (မြောက်ဦး)
Arakan State
https://www.facebook.com/NarinjaraNews
မြောက်ဦးတွင် သစ်ပင်အကိုင်းခုတ်ရာမှ ဓာတ်မီးတိုင်ကြိုးရိုက်မိ၍ သီလရှင် တစ်ပါး သေဆုံး  မြောက်ဦးတွင် သစ်ပင်အကိုင်းခုတ်ရာမှ ဓာတ်မီးတိုင်ကြိုးရိုက်မိ၍ သီလရှင် တစ်ပါး သေဆုံး Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.