နမ့်ဆန်မီးလောင်မှု နောက်ဆက်တွဲသတင်း


နမ့်ဆန်၊ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လည် (၁:၁၅) နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို နမ့်ဆန်မြို့ရှိ မီးသတ်ယာဉ် (၄)စီးနှင့် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ မန်တုံမြို့ရှိ မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ် ခဲ့ကြောင်း၊ စုစုပေါင်း မီးငြိမ်းသတ် ယာဉ် (၁၂)စီး၊ ရေသယ်ယာဉ် (၄)စီး၊ အုပ်ချုပ်မှုယာဉ် (၁၀)စီး ထောက်ပံ့ရေးယာဉ် (၁)စီး၊ အပေါ့စားစက် (၁၁)လုံး တို့ဖြင့် သန္ဓေမီးသတ် (၇၀)ဦး၊ အရန် (၁၅)ဦးတို့ဖြင့် မီးငြိမ်းသတ် ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၆)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ခြေ (၃၀၀)ခန့် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးကယ် ဆယ်ရေးစခန်းကို နန့်ဆန် မြို့လယ်ရပ်ကွက် မြို့မဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်းတွင် ယာယီဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိသည်။

(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နမ့်ဆန်မီးလောင်မှု နောက်ဆက်တွဲသတင်း  နမ့်ဆန်မီးလောင်မှု နောက်ဆက်တွဲသတင်း Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.