ရန်ကုန်-ကျောက်ဖြူလမ်း တောင်ကုတ်-မအီလမ်းပိုင်း ဆန်အိတ်တင်မော်တော် ယာဉ် တိမ်းမှောက်


မအီ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ၄၃ မိုင်အကွာရှိ မအီမြို့သို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှ ထွက်ခွာလာသော ဆန်အိတ်တင် မော်တော်ယာဉ်မှာ ပေ ၈၀ ခန့် အနက်ရှိ ချောက်ကမ်းပါးသို့ ကျဆင်း သွားခဲ့သည်။

အဆိုပါယာဉ်မှာ ဆန်အိတ် ၁၅၀ ခန့်နှင့် လူ ၅ ဦး တင်ဆောင်မောင်းနှင် လာခြင်းဖြစ်ပြီး ဖောင်းသောင်းရွာ အကျော် လမ်းကွေ့ မအီမြို့သို့ ရောက်ရှိရန် သုံးမိုင်ခန့်အလို၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ် တိမ်းမှောက် မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် ငါးဦးမှာ အသက်သေဆုံးခြင်းမရှိဘဲ ဒဏ်ရာပြင်းထန် စွာရရှိပြီး သံတွဲခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

မောင်မောင်ဌေး (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-ကျောက်ဖြူလမ်း တောင်ကုတ်-မအီလမ်းပိုင်း ဆန်အိတ်တင်မော်တော် ယာဉ် တိမ်းမှောက်  ရန်ကုန်-ကျောက်ဖြူလမ်း တောင်ကုတ်-မအီလမ်းပိုင်း ဆန်အိတ်တင်မော်တော် ယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.