ရန်ကုန်-ကျောက်ဖြူလမ်း တောင်ကုတ်-မအီလမ်းပိုင်း ဆန်အိတ်တင်မော်တော် ယာဉ် တိမ်းမှောက်


မအီ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ၄၃ မိုင်အကွာရှိ မအီမြို့သို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှ ထွက်ခွာလာသော ဆန်အိတ်တင် မော်တော်ယာဉ်မှာ ပေ ၈၀ ခန့် အနက်ရှိ ချောက်ကမ်းပါးသို့ ကျဆင်း သွားခဲ့သည်။

အဆိုပါယာဉ်မှာ ဆန်အိတ် ၁၅၀ ခန့်နှင့် လူ ၅ ဦး တင်ဆောင်မောင်းနှင် လာခြင်းဖြစ်ပြီး ဖောင်းသောင်းရွာ အကျော် လမ်းကွေ့ မအီမြို့သို့ ရောက်ရှိရန် သုံးမိုင်ခန့်အလို၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ် တိမ်းမှောက် မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် ငါးဦးမှာ အသက်သေဆုံးခြင်းမရှိဘဲ ဒဏ်ရာပြင်းထန် စွာရရှိပြီး သံတွဲခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

မောင်မောင်ဌေး (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ