အယ်လ်နီညိုသည် မီးလောင်ခြင်းကို အားပေးသည်


၁၆-၂-၂၀၁၆
နံနက်(၈း၅၃)နာရီ

သမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညိုကို ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် ကျွန်တော်တို့ ကြုံတွေ့နေကြရပါတယ်။ အချိန်ကာလအားဖြင့် (၁၂)လခန့်ကြာမြင့်တတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၁၅ ဒီဇင်ဘာလမှာ အားအကောင်းဆုံး ဖြစ်တဲ့အတွက် ပထမ(၆)လကို ၂၀၁၅ ဒုတိယနှစ်ဝက်မှာ ကြုံတွေ့ခဲ့ကြရပြီး၊ဒုတိယ(၆)လကိုတော့၂၀၁၆ပထမနှစ်ဝက်မှာ ဆက်လက်ကြုံတွေ့ကြရပါလိမ့်ဦးမယ်(၈-၂-၂၀၁၆)ရက်နေ့မှာနောက်ဆုံးတိုင်းတာရရှိချက်အရ အယ်လ်နီညိုဟာ ဒီဇင်ဘာလနဲ့စာရင် အင်အားအနည်းငယ်လျော့လာခဲ့ပေမယ့် အားကောင်းနေဆဲဖြစ်ပြီး၊ လာမယ့် ဇွန်လအထိ ဆက်လက်ဖြစ်ပေါ်နေနှိုင်သေးတယ်လို့ တွက်ချက်ရရှိထားပါတယ်။

အားကောင်းတဲ့အယ်လ်နီညိုဖြစ်စဉ်တွေဟာ မြန်မာနိုင်င်ငံအပါအ၀င် တောင်အာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ဖေါက်ပြန်တဲ့ရာသီဥတုတွေကိုဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကိုဖြစ်စေတတ်တာပါပဲ။ဆောင်းရာသီမကုန်သေးမီ အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေဟာ 40°C မှ 45°C အထိ ရောက်၇ှိလာတော့မှာဖြစ်ပါတယ်။ နွေကာလမှာ ဘယ်လောက်အထိ အပူချိန် မြင့်တက်လာမလည်းဆိုတာကို စိုးရိမ်ရပြီ။

ခြောက်သွေ့ပြီဆိုတာနဲ့ မီးကလောင်တတ်ပါတယ်။ ပူပြင်းခြောက်သွေ့ပြီဆိုရင်တော့ အရာအားလုံးဟာ လောင်စာသဖွယ်ပါပဲ။ ပုံမှန်အားဖြင့် အယ်လ်နီညိုနှစ်တွေမှာ (၁) ရေရရှိရေး၊ (၂) ကျန်းမာရေး (၃) စိုက်ပျိုးရေး ကဏ္ဍများမှာ ထိခိုက်မှုအများဆုံးဖြစ်ပေမယ့် အခုတော့ သဘာဝဘေးကိုပါ ထည့်သွင်းရပါတော့မယ်။

မီးလောင်ခြင်းဟာ မြန်မာနိုင်ငံမှာ အပျက်အစီ်းအများဆုံး သဘာဝဘေးဖြစ်တဲ့အပြင် အဖြစ်အများဆုံး သဘာဝဘေးလည်းဖြစ်ပါတယ်။ ၂၀၁၆ ဒီနှစ် မီးလောင်မှုဟာ နွေရာသီမရောက်ခင်ကတည်း မီးကြီးတွေလောင်တာများလှတယ်။ မကြုံဖူးအောင်ကိုများတယ်။ သဘာဝမဟုတ်တဲ့ အခြားအကြောင်းတွေ ဘာတွေရှိမလည်း ကျွန်တော်မပြောတတ်ပေမယ့်သဘာဝဖြစ်စဉ်အကြောင်းထဲမှာတော့ အယ်လ်နီညိုဟာ မီးလောင်ခြင်းကို အားပေးတယ်ဆိုတာကိုတော့ သတိထားစေချင်ပါတယ်။

အထူးသဖြင့် လာမယ့်နွေရာသီဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အလွန်ပူပြင်းခြောက်သွေ့နှိုင်တာကြောင့် မီးကိုအထူးဂရုစိုက်ကြစေလိုပါတယ်။

ဒေါက်တာထွန်းလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အယ်လ်နီညိုသည် မီးလောင်ခြင်းကို အားပေးသည်  အယ်လ်နီညိုသည် မီးလောင်ခြင်းကို အားပေးသည် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.