ဖလောရီဒါပြည်နယ်တွင် ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်


ဝါရှင်တန် ၊ ၅-၂-၂၀၁၆

အမေရိကန်နိုင်ငံ တစ်ဝန်း၌ ဇီကာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ဖလော်ရီဒါ ပြည်နယ်အတွင်း ကျန်းမာရေး သတိပေးချက် တစ်ခုကို ပြည်နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ဖလော်ရီဒါ ပြည်နယ်အတွင်းရှိ မိုင်ယာမီ- ဒါဒီစီရင်စု၊ လီစီရင်စု၊ မော်လ်စ်ဘိုရော့ခ်ျ စီရင်စုနှင့် ဆန်တာရိုဆာစီရင်စု တို့တွင် ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကိုးဦးကို စစ်ဆေးတွေ့ရှိ ခဲ့ပြီးနောက် ၄င်းစီရင်စုများ အတွင်း အရေးပေါ် ကြေညာချက် တစ်ခုကို ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့တ် က ကြေညာခဲ့ခြင်း ဖြစ်သည်။

ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များသည် လက်တင် အမေရိကနှင့် ကာရစ်ဘီယံ ကျွန်းဆွယ်များသို့ သွားရောက်ခဲ့ သူများ ဖြစ်ကြောင်း၊ သို့သော် ပြည်နယ်အတွင်း ရောဂါကူးစက် ပြန့်ပွားခြင်း မရှိစေရန် ပြင်ဆင်ရမည် ဖြစ်ကြောင်း ရစ်ခ်စကော့တ်က အစီရင်ခံစာ တစ်စောင်တွင် ပြောကြားထားသည်။ အမေရိကန်နိုင်ငံ တစ်ဝန်း၌ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၈ ဦးရှိပြီး ၄င်းရောဂါပိုး သည် ကမ္ဘာ့နိုင်ငံပေါင်း ၃ဝ ကျော်တွင် ကူးစက် ပြန့်ပွားလျက် ရှိသည်။

မိခင်လောင်း တစ်ဦး အနေဖြင့် ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင် လာသော ခြင်ကိုက်ခံ ရပါက သန္ဓေသားသည် ဦးခေါင်းပုံမှန် မဟုတ်ဘဲ ဦးနှောက် ဖွံ့ဖြိုးမှု အားနည်း သည့် ဝေဒနာဖြင့် မွေးဖွားလာနိုင် သောကြောင့် ၄င်းရောဂါပိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ထားသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က သတိပေး ထားသည်။

PyiChitThar
http://www.pyichitthar.com
ဖလောရီဒါပြည်နယ်တွင် ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်  ဖလောရီဒါပြည်နယ်တွင် ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.