စစ်ဘေးရှောင်များစီးလာသောထော်လာဂျီ ချောက်ထဲကျ ၄ ဦးသေဆုံး


ဖေဖော်ဝါရီလ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့သို့ စစ်ဘေးရှောင်လာသည့် ထော်လာ ဂျီတစီး လမ်းခုလတ်၌ချောက်ထဲသို့ ထိုးကျသွားသည့်အတွက် ၄ ဦးသေ ဆုံးေ ကြာင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီက ကျောက်မဲမြို့တွင်းဝင်ရန် ပါခါးရွာမှ ထွက် လာသည့် အဆိုပါ ထော်လာ ဂျီသည် ည ၈ နာရီခန့်က ကျောက်မဲမြို့ အဝင် ပန်ကွမ်လက်ဖက်ခြံအနီးရှိ ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ် ကြောင်း သိရသည်။

“ဦးဇင်းတပါး ထော်လာဂျီပိမိလို့ ပွဲချင်းပြီးပျံလွန်တော်မူတယ်။ နောက် ၃ ယောက်တော့ ဆေးရုံမှာသွားဆုံး တယ်။ ရ ယောက်ဒဏ်ရာ ရ တယ်။ ထော် လာဂျီယာဉ်မောင်းကတော့ လက်မောင်းနဲ့ရင်ဘတ်မှာ ဒဏ်ရာရတယ်။ သူတို့စီးလာတဲ့ ထော်လာဂျီက မီးမရှိဘူး။ ဒါကြောင့် လမ်းကွေ့ရောက်တော့ ချောက်ထဲထိုးကျသွားတာ” ဟု စစ်ဘေးဒုက္ခသည် များအား သွားရောက်ကူညီနေသူ စိုင်းလိတ်က ပြောပါသည်။


ဆေးရုံ၌ သေဆုံးသွားသည့် ၃ ဦးမှာ အသက် ၆၀ ကျော်ရှိ ပါ့ဆိုင်အောင်၊ စိုင်းအိုက်မောင်နှင့် နန်းမိုလျဲန်းတို့ ဖြစ်ကြောင်း၊ အဆိုပါ ထော်လာဂျီပေါ်သည် စစ်ပြေးရှောင် ၂၀ ကျော် တင်ဆောင်လာကြောင်း ဆို၏။

တအာင်းတပ်မတော် PSLF/TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ် ပန်စံ၊ ပန်ကွမ်၊ ကန့် ကန်၊ တော့ဆန်၊ ၀မ့်လုံကျေးရွာမှ ပြည်သူလူထု ၂၀၀၀ ကျော် မှာ ကျောက် မဲမြို့ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သျှမ်းသံတော်ဆင့် / မွေခေါဝ်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
စစ်ဘေးရှောင်များစီးလာသောထော်လာဂျီ ချောက်ထဲကျ ၄ ဦးသေဆုံး  စစ်ဘေးရှောင်များစီးလာသောထော်လာဂျီ ချောက်ထဲကျ ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.