တရုတ်နိုင်ငံသားတစ်ဦးလိုက်ပါလာသောအဖွဲ့ထံမှ သေနတ်ရှည် ၅ လက်၊ ကျည် ၁၈၀၀ ကျော် ဖမ်းဆီးရမိ


ချင်းရွှေဟော်၊ဖေဖော်ဝါရီ ၂ ။

ဖေဖော်ဝါရီလ (၁) ရက်၊ ညနေပိုင်း ၅ နာရီခန့် က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ နယ်ခွဲ အ၀င် သံတံတားထိပ်၌ ကွမ်းလုံမှ ချင်းရွှေဟော်သို့ ဝင်ရောက်လာသူများနှင့် ယာဉ်များကို တပ်မတော်နှင့်ရဲတပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ က လုံခြုံရေးတာဝန်အရ ရှောင်တခင် စစ်ဆေးနေစဉ် ကွမ်းလုံဘက်မှမောင်းနှင်လာသော မတ်တူးအဖြူရောင်ယာဉ်တစ်စီးပေါ်တွင် ဆာလာအိတ်အပြာရောင်ဖြင့်ထုပ်ပိုးထားသော M4A1 Carbine အမျိုးအစား သေနတ်အရှည် ၅ လက်၊ ၃၀ တောင့်ဝင်ကျည်အိမ် ၅ ခု၊ ၅.၅၆ ကျည် ၁၈၉၀ တောင့် တို့ အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းလားရှိုးမြို့ရှိ၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

အဆိုပါမတ်တူးအဖြူရောင်ယာဉ်အား မောင်းနှင်လာသူမှာ............ အသက် ၂၅ နှစ်အရွယ်၊ ကိုးကန့် လူမျိုး၊ နတ်ကိုးကွယ်သူ၊ ချင်းရွှေဟော်မြို့ နယ်ခွဲ၊ ရပ်ကွက်(၁)နေသူဖြစ်ပြီး ယာဉ်ပေါ်အတူလိုက်ပါလာသူ များမှာ ……………. အသက် (၄၀)နှစ်၊ ချင်းရွှေဟော်မြို့ နေသူ နှင့် တရုတ်နိုင်ငံသား၊ ...............အသက် (၃၈)နှစ်၊ ယုံကျဲမြို့ ၊ ဟူနန်ပြည်နယ်နေသူတို့ ကြောင်း၊ ၄င်းတို့စီးနင်းလာသည့်မတ်ခ်တူးယာဉ်မှာလည်း လိုင်စင်မဲ့ယာဉ်ဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရကြောင်း ၄င်းကပြောသည်။

သို့ ဖြစ်၍ တရားမ၀င်လက်နက်ခဲယမ်းများသယ်ဆောင်သူ များ ကို ချင်းရွှေဟော်နယ်မြေရဲစခန်းက (ပ)၄/၂၀၁၆၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံ များကို လက်ရဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်းရဲမှူးကြီးအောင်မြတ်မိုး ကပြောသည်။

နေ့သစ်မောင်
PHOTO BY - KBZT
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
တရုတ်နိုင်ငံသားတစ်ဦးလိုက်ပါလာသောအဖွဲ့ထံမှ သေနတ်ရှည် ၅ လက်၊ ကျည် ၁၈၀၀ ကျော် ဖမ်းဆီးရမိ တရုတ်နိုင်ငံသားတစ်ဦးလိုက်ပါလာသောအဖွဲ့ထံမှ သေနတ်ရှည် ၅ လက်၊ ကျည် ၁၈၀၀ ကျော် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.