ဘိုကလေးမြို့အမှတ်(၅)ရပ်ကွက်၊ဒုတိယလမ်း မီးလောင်မှု ဖြစ်ပွား


ဘိုကလေး ဖေဖော်ဝါရီလ ၄ ရက်

၂၀၁၆ခုနှစ်ဖေဖော်ဝါရီလ(၄)ရက် နံနက် ၁ နာရီ အချိန် ဘိုကလေးမြို့ အမှတ်(၅)ရပ်ကွက်၊ ဒုတိယလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာနေရာသို့ မြို့နယ်ရဲမှူး ၊ ဒုမြို့နယ်ရဲမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်
မီးသတ်တပ်ဖွဲ့ဦးစီးမှူး၊နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ထွေ/အုပ် ဒုတိယဦးစီးမှူးနှင့်ပြည်သူလူထု (၁၀၀)ဦးတို့ရောက်ရှိ ကာ မီးသတ်ကား(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာနံနက် ၁ နာရီင်္ ၄၅ မိနစ်အချိန်တွင် မီးညွှန်ကျိုးကာ မီးကြွင်းမီးကျန်များအား နံနက် ၄ နာရီအချိန် တွင် မီးလုံးဝ ငြိမ်းသတ်မှု ပြီးစီးခဲ့ပြီးမီးပေါ့ဆစွာ သုံးစွဲသူအား အရေးယူဆောင်ရွက် နိုင်ရန်အတွက်စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။


မီးလောင်မှုကြောင့် အမှတ်(၂၂) အိမ်ရှင် ဦးသောင်းနိုင်(၃၉)နှစ်(ဘ)ဦးတောင်လုံး၊ သွပ်မိုး ပျဉ်ကာ အလျား ၃၀-ပေ၊ အနံ၅၀-ပေ၊ အမြင့်၁၂-ပေ တစ်ထပ်အိမ်(၁)လုံး၊ အမှတ်(၂၃) အိမ်ရှင်ဦးကျော်ဝင်းထွဋ် (၃၈)နှစ်(ဘ) ဦးဝင်းမြိုင် သွပ်မိုး ပျဉ်ထောင် အလျား၅၀-ပေ၊အနံ ၃၀-ပေ၊အမြင့် ၁၅-ပေ၊(၂)ထပ်အိမ်(၁)လုံး၊အမှတ်(၂၄) အိမ်ရှင် ဦးစိုးနိုင် ( ဦးအောင်မြင့်သို့ငှားရမ်းထား(၄၈)နှစ် (ဘ) ဦးထွန်းရင် သွပ်မိုးပျဉ်ကာ အလျား၁၂-ပေ၊ အနံ ၄၀-ပေ၊အမြင့် ၁၂-ပေ (၁)ထပ် အိမ်(၁)လုံး၊ အမှတ် (၂၅)အိမ်ရှင် ဒေါ်မော်မော်စိန် (၆၈)နှစ် (ဘ)ဦးမြသန်း အုတ်ညှပ် အလျား၁၂-ပေ၊အနံ၅၀-ပေ၊အမြင့်၁၅-ပေ အိမ်(၁)လုံး စုစုပေါင်းအိမ်(၄)လုံးမီးလောင်ရှုံးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘိုကလေးမြို့အမှတ်(၅)ရပ်ကွက်၊ဒုတိယလမ်း မီးလောင်မှု ဖြစ်ပွား  ဘိုကလေးမြို့အမှတ်(၅)ရပ်ကွက်၊ဒုတိယလမ်း မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 13:19 Rating: 5
Powered by Blogger.