တပ်မတော် သင်တန်းကျောင်းတစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးမှုကို စစ်ဆေးရာ မှန်ကန်ကြောင်း တွေ့ရှိသဖြင့် တပ်မတော် စည်းမျဉ်းဥပဒေများ နှင့် အညီ အရေးယူမည်


    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

    လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော တပ်မတော် သင်တန်းကျောင်း တစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးမှုကို စစ်ဆေးရာ မှန်ကန်ကြောင်းတွေ့ရှိသဖြင့် တပ်မတော် ၏ စည်းမျဉ်း ဥပဒေများနှင့် အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမီဒီယာက တရားဝင်ထုတ်ပြန်သည်။

အဆိုပါ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဗွီဒီယို ဖိုင်များနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရန်အတွက် ယင်းဖြစ်စဉ်ဖြစ်ပွား ခဲ့သည့် သက်ဆိုင်ရာ တပ်မတော် သင်တန်းကျောင်းသို့ ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဦးစီးသော စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် သွားရောက် စစ်ဆေးခဲ့သည်။

ယင်းတို့စစ်ဆေးရာတွင် ဖြစ်စဉ်မှန်ကန် ကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများနှင့် တာဝန်ရှိသူများကို တပ်မတော်၏ စည်းမျဉ်း ဥပဒေများနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေး ကြောဖြစ်သဖြင့် စစ်စည်းကမ်းနှင့် ပတ်သက်ပြီး လိုက်နာလုပ်ဆောင်ရမည့် တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း တိကျစွာ ပြဋ္ဌာန်း သတ်မှတ် ထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တပ်မတော် သင်တန်းကျောင်းတစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးမှုကို စစ်ဆေးရာ မှန်ကန်ကြောင်း တွေ့ရှိသဖြင့် တပ်မတော် စည်းမျဉ်းဥပဒေများ နှင့် အညီ အရေးယူမည် တပ်မတော် သင်တန်းကျောင်းတစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးမှုကို စစ်ဆေးရာ မှန်ကန်ကြောင်း တွေ့ရှိသဖြင့် တပ်မတော် စည်းမျဉ်းဥပဒေများ နှင့် အညီ အရေးယူမည် Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.